"ပြီးသွားပြီလား...ဒီမှာ မင်ဂျယ်က ဆန်ပြုတ်ယူလာ ပေးသွားတာမို့ စားရအောင်..."
မျက်နှာသစ်ပြီး ရေချိုးခန်းထဲကနေ ထယ်ယောင်း ပြန်ထွက်လာတော့ ဆန်ပြုတ်ပန်းကန်ကို တင်ထားသည့် ဗန်းကို ယူ၍ အခန်းထဲဝင်လာသော ဂျောင်ဂုနဲ့ဆုံ၏။
"ကဲ...ဒီကိုလာထိုင်နေ...မင်းက နေကောင်းသေးတာလည်း မဟုတ်တော့ ထပ်ပြီး အအေးမိလို့မဖြစ်ဘူး.."
ထယ်ယောင်းကို ခုတင်ပေါ်ဝင်ထိုင်ခိုင်းပြီး အောက်ပိုင်းကို စောင်ခြုံပေးနေပြန်သည့် ဂျောင်ဂု...
သူ ကျွန်တော့်ကို စိတ်ဆိုးမယ်လို့ ထင်နေခဲ့တာ...
ဒါပေမယ့် ဆေးရုံကို လိုက်လာတုန်းကရော၊အခုသူ့အိမ်မှာ နိုးလာတဲ့အထိပါ ဘာတစ်ခုမှမပြောပဲ ကျွန်တော့်ကိုသာ အသေးစိတ်ဂရုစိုက်ပေးလို့နေသည်။"စားလိုက်ပါဦး...အေးသွားရင် အရသာမရှိပဲ နေမယ်..."
စားပွဲပုလေးကို ထယ်ယောင်းရှေ့ ပြင်ပေးပြီး ဆန်ပြုတ်ကို စားခိုင်းပြန်သည်။
လက်ထဲ ထည့်ပေးလာသည့် ဇွန်းကို ကိုင်ထားပေမယ့်လည်း ထယ်ယောင်းမှာ ဟိုမွှေသည်မွှေသာလုပ်နေမိ၏။"ဂျောင်ဂု.."
"ဟင်..ပြောလေ.."
"တောင်းပန်ပါတယ်.."
"ဘာအတွက်လဲ..?"
"ငါ့ကို စိတ်မဆိုးတဲ့အတွက်.."
"အဲ့ဒါတွေအသာထားပြီး ဆန်ပြုတ်ကိုအရင် ဝင်အောင်စားပါ...ကျန်တာအကုန် နောက်မှ ဆက်ပြောမယ်...ဟုတ်ပြီလား..."
ဂျောင်ဂု ပြောတော့လည်း အသာခေါင်းငြိမ့်ပြပြီး ဆန်ပြုတ်ကို ဖြေးဖြေးချင်းခပ်စားလို့နေသည်။
ဒဏ်ရာရထားတဲ့ ထယ်ယောင်းကို စိတ်မရှုပ်စေချင်တာကြောင့် နိုးလာတည်းက ဘာမှ မမေးဖြစ်ခဲ့ဘူး။သူပြောပြချင်တဲ့အခါမှသာ နားထောင်ပေးဖို့ စိတ်ကူးထားတာဖြစ်သလို ထယ်ယောင်းကိုလည်း ကျွန်တော်က စိတ်မဆိုးခဲ့တာကြောင့်ပါ။
.
.
.
.
.
.
.
"ကဲ....ဆန်ပြုတ်လည်း စားပြီးပြီဆိုတော့ အခု အရင်နေ့တွေက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြောပြတော့မလား.."ဆန်ပြုတ်ကို တစ်ဝက်တိတိကုန်အောင် သောက်ပြီးနောက် ထယ်ယောင်းက ခုတင်ခေါင်းရင်းကို မှီကာထိုင်နေလေ၏။
ထိုသို့ထိုင်နေသော ထယ်ယောင်းရှေ့၌ ဂျောင်ဂု ဝင်ထိုင်ရင်း မေးလိုက်မိတော့ အကြည့်လေးတွေက ညိုးညိုးငယ်ငယ်....