Part - 27

4K 721 181
                                    

"ဂျောင်ဂု.....ငါ ဒါလည်းယူမယ်...ဒါရော...ဒါရော..."

စင်ပေါ်က မုန့်ထုပ်တွေကို တစ်ထုပ်ပြီးတစ်ထုပ် ခြင်းထဲထည့်ရင်း ပျော်နေပုံရသည့် ထယ်ယောင်းကြောင့် ဂျောင်ဂုလည်း ပျော်နေမိသည်။
ညဘက်အချိန်နောက်ကျမှ ဗိုက်ဆာလို့ပါ ဟူပြီး ဂျီကျသော ထယ်ယောင်းကြောင့် နီးစပ်ရာစတိုးဆိုင်မှာ စားစရာအချို့လာဝယ်နေခြင်းဖြစ်သည်။

"အင်း..ပြီးတော့..ဆိုဂျူ..ဆိုဂျူလည်း ဝယ်မယ်.."

"မဖြစ်ဘူး...ညဘက်ကြီး‌လေ...ပြီးတော့မင်း မသောက်နိုင်ပဲနဲ့.."

"ဘာဖြစ်လို့လဲ..?အခုက အိမ်မှာပဲသောက်မှာကို..ငါ အရမ်းသောက်ချင်နေလို့ပါ...နော်..ဂျောင်ဂု..နော်..တစ်ခါတည်းပါ..."

လက်ညိုးတစ်ချောင်းထောင်ပြီး သူဖြစ်ချင်တာက်ို မရမကပြောနေတဲ့ မျက်နှာငယ်လေးကြောင့် ဘယ်လိုထပ်ဆူရတော့မလဲ?
ဗန်ပိုင်းယားလည်း အချစ်နဲ့တွေ့တော့ အလိုလို အညံ့ခံနေရတော့တာပါလားနော်။

"ဒါဆိုလည်း တစ်ပုလင်းပဲဝယ်.."

"အိုခေ...သဘောတူတယ်.."

ခွင့်ပြုပေးလိုက်တာနဲ့ချက်ချင်း ဆ်ိုဂျူပုလင်းကိုပြေးယူပြီး ခြင်းထဲထည့်လိုက်တော့၏။
မင်းကို ငါ မနိုင်ပါဘူး တကယ်....။
.
.
.
.
.
.
"အခုကျေနပ်သွားပြီလား.."

အိမ်ရောက်တော့ လေသာဆောင်အပြင်ဘက်မှာ တူတူထိုင်ပြီး ဝယ်လာသမျှမုန့်တွေကို ဖောက်စားကာ ဖုန်းကြည့်ရင်း ဆိုဂျူပါသောက်နေသည့် ထယ်ယောင်းကို မေးလိုက်တော့....

"ဒါပေါ့....မင်းရော သောက်မလား..?'

"တော်ပါပြီ...ငမူးလေး မင်းကို ထိန်းဖို့ဆို မသောက်ပဲနေတာ ပိုကောင်းတယ်.."

အဲ့လိုပြောတော့လည်း မျက်စောင်းနဲ့တစ်ချက်‌ စွေကြည့်ပြီး အမြည်းအဖြစ် ရေဘဝဲခြောက်ကိုကိုက်ဖဲ့ဝါးကာ ဖုန်းကိုဆက်ကြည့်နေသည်။
တစ်ခွက်နှစ်ခွက်လောက်ပဲ ဝင်သေးတာကို နှာခေါင်းထိပ်တွေရဲကာ မျက်လုံးတို့ကရီဝေဝေ...

အခုက အိမ်မှာမို့ နည်းနည်းတော်သေးတယ် ပြောရမယ်။အပြင်မှာဆိုဘာတွေထပ်ပြီးဖြစ်မယ်မသိ။အရင်တစ်ခါက မူးပြီး ဝံပုလွေကို ဆော်တဲ့ဇက သေးမှမသေးပဲ..။

SCARLET EYES (Completed)Where stories live. Discover now