"ငါ သူနဲ့ လမ်းမှာ ဆုံခဲ့တယ် မင်ဂျယ်..."
အစမရှိ အဆုံးမရှိ ပြောလာသည့် ဂျောင်ဂုစကား...
"ဘယ်သူနဲ့လဲ..?"
"ထယ်ယောင်းနဲ့.."
ဂျောင်ဂုကျောပေါ်ကို ဆေးထည့်ပေးနေသည့် မင်ဂျယ် လက်တွေ တုံ့ခနဲ ဖြစ်သွားရသည်။
ထုံးစံအတိုင်း အရိုက်ခံလာရတဲ့သူ့ကို မှောက်အိပ်ခိုင်းပြီး ကျွန်တော်က ဆေးထည့်ပေးနေရတာလေ.."ဘယ်လို?ဒါဆို မင်းဟာလေးနဲ့ ထပ်တိုက်တွေ့ခဲ့တာပေါ့...သူ မင်းကို မှတ်မိသွားလား..?"
"မှတ်မိတဲ့ပုံမပေါ်ပေမယ့် သူအရမ်းလန့်သွားတယ်..."
ပြောပြနေရင်းကနေ ထိတ်လန့်နေတဲ့မျက်နှာလေးကို ဂျောင်ဂုပြန်မြင်ယောင်မိသည်။
နဂိုတည်းက ခပ်ကြီးကြီးမျက်လုံးလေးတွေက ထိတ်လန့်မှုကြောင့် ဝိုင်းစက်လို့နေခဲ့တာ..."အင်း...မင်းလည်း ကြုံမှကြုံတက်တယ်.....ရပြီ..အင်္ကျီဝတ်တော့.."
ဂျောင်ဂု ထပြီး အင်္ကျီဝတ်နေရင်းကနေ ခေါင်းထဲတွေးမိသည့် တစ်စုံတစ်ခု...
"ငါလည်း မထင်ထားခဲ့ဘူး....နောက်ပြီး သိပ်မကြာသေးခင်ကလည်း ငါ သူနဲ့ဆုံခဲ့ဖူးသလိုပဲ.."
"မင်း ပြောပြဖူးတာ မှတ်မိတယ်...အဲ့တုန်းက မွှေးတဲ့အနံ့ရတဲ့သူဆိုတာက မင်းဟာလေးလား..!"
မင်ဂျယ်အပြောကြောင့် သေချာပြန်တွေးကြည့်တော့ ဟုတ်သလိုလို..!
မနေ့ကလိုပဲ သူ ပြစ်ဒဏ်ခံပြီးပြန်လာချိန် အဲ့ဒီလမ်းကြားထဲမှာ တိုက်မိခဲ့ကြတာ...
အဲ့တုန်းက ပုံရိပ်ကို သေချာပုံဖော်မိတော့ ဂျောင်ဂု မှတ်မိသွားသည်။"အင်း....ဟုတ်မယ် ထင်တယ်....အဲ့တုန်းကရတဲ့ မွှေးရနံ့က မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ပေမယ့် အခု သေချာဆက်စပ်တွေးကြည့်ရင် အဲ့တုန်းက တိုက်မိတဲ့သူကလည်း ငါ့ဟာလေးပဲ..."
ဂျောင်ဂုအပြောကြောင့် မင်ဂျယ်က မျက်လုံးလှန်ကြည့်ကာ...
"အန်မယ်...အခုတော့ မင်းဟာလေး ဆိုတာ လက်ခံသွားပြီပေါ့.."
"အာ...အဲ့လိုမဟုတ်ပါဘူး..မင်းက ခနခန အဲ့လိုပြောနေတော့ ငါက ယောင်သွားတာ.."