part 30

3.7K 583 4
                                    

Unicode
အခန်း (၃၀)

လန်ယဲ့ဟန်သည် သူတို့ကို လျစ်လျူရှုကာ အေးစက်စွာ ကြည့်ပြီး​နောက် အခန်းထောင့်ဘက်ကို လှည့်လာခဲ့သည်။ ထိုအရာများနှင့် နေသားကျနေသော ယွင်ချဲ့မှာ သာမန်ကြုံနေကျ ကိစ္စတစ်ခုကို မြင်သကဲ့သို့ ​အေး​ဆေးလျက်ပင်။ အမျိုးသမီး နှစ်ယောက်၏ အခြေအနေကို မြင်ရ​သော ယွင်​ယောင်နှင့် ကျန့်ယာ​ဖေးတို့ မကူညီ​ပေးနိုင်သဖြင့် စိတ်ထဲတွင် မကျေနပ်သော်လည်း ဘာမှမလုပ်ရန် ဆုံးဖြတ်ထားကြသည်။

"နှောင့်ယှက်ရတာ အားနာပေမယ့် ကျွန်တော်တို့ ဒီည ဒီမှာတည်းလို့ ရမလား"

ထိုယောက်ျားများသည် လူကောင်း မဟုတ်နိုင်​ကြောင်း ရိပ်မိသော်လည်း ကျိုးဇယ်ယွီ မသိချင်ယောင် ဆောင်ကာ ချိုသာစွာ ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဒီနေရာကို ထိုသူတို့ အရင်ရောက်နှင့်သော နေရာဖြစ်ပြီး အကယ်၍ တိုက်ခိုက်ရန် လိုအပ်လျှင်လည်း ပြန်တိုက်ခိုက်ရန် အသင့်ပင်။

"ရတာပေါ့ .. ပြီး​တော့ မိန်းမလှ​လေး နှစ်​ယောက်​ရော အဖော်လိုသေးလား ငါ့အစ်ကိုကြီးက မင်းကို ဒီည စိတ်ကျေနပ်အောင် လုပ်ပေးမယ်တဲ့"

"ဟား ဟား ဟား"

ထိုလူများထဲမှ တစ်ယောက်သည် ယွင်​ယောင်နှင့် ကျန့်ယာ​ဖေးကို တဏှာအပြည့်နှင့် ကြည့်ကာ ​ပြောဆိုလိုက်သဖြင့် ထိုအိမ်ထဲမှ​ ယောက်ျားများ ရယ်​မောကြပုံမှာ ယွင်ချဲ့နှင့် အခြားသူများကို မ​လေးစားသည့်ပုံပင်။ ထိုသူတို့သည် မိန်းကလေး နှစ်ယောက်ကို အချိန် အတော်ကြာ​အောင် အသုံးချခဲ့ပြီး မိန်းကလေး အသစ်များ မ​ရောက်လာမည်ကို စိုးရိမ်နေခဲ့သည်။ ယခုတွင် မိန်းမချောလေး နှစ်ယောက် ရောက်လာသဖြင့် သူတို့ကို မ​တော်တဆ ဒဏ်ရာ​စေမည် စိုးသော​ကြောင့် ကြိုတင် မတိုက်ခိုက်ခဲ့​ပေ။

သူတို့၏ မထီမဲ့မြင် စကားများကြောင့် အ​ခြေအ​နေ တင်းမာကာ ယွင်​ယောင်နှင့် ကျန့်ယာဖေးတို့ ဒေါသထွက်ကာ ဓါးကို အသင့်ကိုင်ထားလျက် ရှိသည်။

"အိုး ဒီကောင်လေးလည်း မဆိုးဘူး .. ကောင်မလေး နှစ်ယောက်နဲ့ အပြိုင်ချောတာပဲ"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now