Part 196

946 67 4
                                    

196 01

အခန်း(၁၉၆) သေကြေပျက်စီးမှု အရေအတွက် အခြေစိုက်စခန်းက အကူအညီတောင်းခြင်း

ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က အိပ်ယာထဲတွင် လှဲရတာ ပျော်နေစဉ် အခြေစိုက်စခန်းက ဗရမ်းဗတာ ထပ်ဖြစ်ပြန်၏။ မနေ့တုန်းက ကြွက်ပြဿနာသည် အခြေစိုက်စခန်းအတွက် ရှုပ်ထွေးမှုကြီးတစ်ခု ဖန်တီးခဲ့ပြီး အေးခဲသော ရာသီဥတုက ကိစ္စရပ်များကို ပိုဆိုးရွားသွားစေသည်။ အပိုင်းစီနှင့်ဒီရှိ စွမ်းအားရှင်များကတောင် အအေးဒဏ်ကို အံ့မတုနိုင်လေရာ အပိုင်းအီးနှင့်အက်ဖ်ဆို ပြောရန်မလိုတော့ပေ။ အခြေအနေ ဆိုးရွားသွားပုံကို ညနေခင်းတွင် သတိပြုမိပြီး မော့ဝမ်ရန်ကိုယ်တိုင် စစ်သားများကို ဂွမ်းစောင်များနှင့် ဂျာကင်များ ဖြန့်ဖြူးပေးရန် စီစဉ်ခဲ့၏။ မော့စစ်တပ်သည် ထိုအတွက် အတော်လေး ပြင်ဆင်ထားသည့်တိုင် သူတို့၏ ရိက္ခာများက မလုံလောက်ပေ။ ကျန်သည့် တပ်ဖွဲ့နှစ်ဖွဲ့ဆို ပြောရန်မလိုတော့ပေ။ အခြေစိုက်စခန်းထဲရှိ လူနှစ်ထောင်ကျော်က ညတွင်းချင်း အေးခဲပြီး သေသွားကာ အရေအတွက်က မြင့်တက်နေသေး၏။ ဝမ်ဝေ့နှင့် ဝေ့ခမ်းတို့သည် သတင်းပို့ချက် ရသည့်အချိန်တွင် နှစ်ယောက်လုံးက ထိတ်လန့်ကာ အအေးဒဏ်ခံသည့် ရိက္ခာများကို ဖြန့်ဖြူးပေးရန် သူတို့၏ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။ အသက်ကယ်ရန်ထက် မည်သည့်အရာကမှ ပိုအရေးမကြီးပေ။

ကမ္ဘာပျက်ကပ်၌ သာမာန်လူများသည် အများစုကို တာဝန်ရှိသူများအဖြစ် သတ်မှတ်ထား၏။ သို့သော်ငြား လူသားများသည် ကမ္ဘာပျက်ကပ် ရောက်သည့်အချိန်၌ သူတို့သည် မျိုးပွားရန်အတွက် သာမာန်လူများကို လိုအပ်သည်။ စွမ်းအားရှင်များက သာမာန်လူများ မျိုးတုံးသွားလျှင် လူသားများ မတည်ရှိနိုင်တော့မှန်း သိနေလေ၏။

ကမ္ဘာပျက်ကပ်၌ အကြီးမားဆုံး ကပ်ဘေးကို ရင်ဆိုင်နေရစဉ် တပ်ဖွဲ့သုံးဖွဲ့နှင့် အစိုးရက ထပ်မံစည်းလုံးသွားပြန်သည်။ သူတို့သည် အသက်ကယ်ရန်အတွက် တပ်ဖွဲ့သုံးဖွဲ့နှင့် ပြည်သူပိုင် သိုလှောင်ရုံကနေ အအေးဒဏ်ခံ ရိက္ခာများကို ဖြန့်ဖြူူးပေးခဲ့၏။ ယွင်ချဲ့သည် အပူပေးကိရိယာအချို့ကို စုဆောင်းထားကြောင်း သတင်းကလည်း ပေါ်လာသည်။ ထို့ကြောင့် မနက်ခင်းတိုင်း သူတို့၏ လက်အောက်ငယ်သားများကို စီမံခန့်ခွဲပေးပြီးနောက် ဝေ့ခမ်း၊ ဝမ်ဝေ့၊ ဝမ်ကော့ချန်နှင့် မော့ဝမ်ရန်တို့သည် ယွင်ချဲ့ကို ကိုယ်တိုင်ဖုန်းခေါ်လျှက် အပူပေးကိရိယာများ လှူဒါန်းရန် သူတို့ ဖြောင့်ဖျနိုင်ဖို့ မျှော်လင့်နေကြသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now