Unicode
အခန်း (၆၀)
"ဝါး ..!"
"အမေ .."
အဖြစ်အပျက်တို့ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသဖြင့် ထိုကလေး အလန့်တကြား ဖြစ်ကာ ကြမ်းပြင်ပေါ် ထိုင်ကျသွားပြီး အော်ငိုလေရာ ဘောင်းဘီမှာလည်း စိုရွှဲသွားလေသည်။ ရပ်ကြည့်နေသော သားဖြစ်သူလည်း အမြန်ပြေးလာကာ အထိတ်တလန့်နှင့် သူ၏အမေကို ပွေ့ဖက်လျက် ...
"အမေ .. အမေ .. တောင့်ထားဦးနော် တစ်ယောက်ယောက်ကိုခေါ်..."
"ဒေါ်လေးကျန်း ရရဲ့လား ဒေါ်လေးကျန်း .."
"ဒေါ်လေးကျန်း..."
လူ ၄ယောက် ၅ယောက် အမြန်ပြေးလာကာ သူတို့နှစ်ယောက် ဘေးတွင် ထိုင်လိုက်သည်။ သူမကို စိုးရိမ်နေပုံရပြီး ကြောက်လန့်စွာ ထိုင်ငိုနေသော ကလေးကို ဂရုမစိုက်ကြပေ။
"သတ် အဲဒီကောင်ကို သတ်ပေး .. နင်က ကောင်းကျိုးမပေးတဲ့ သားပဲ အား..."
နာကျင်လွန်းသဖြင့် သတိမေ့မတတ် ဖြစ်နေသော်လည်း သူမ၏သားကို အခြား လက်တစ်ဖက်နှင့် ဆုပ်ကိုင်ကာ ယွင်ချဲ့ကို အပိုင်းပိုင်း ခုတ်သတ်ချင်နေသော အမျက်ဒေါသများနှင့် ကြည့်နေသည်။
"အမေ.."
အမေဖြစ်သူ၏ ဒဏ်ရာကိုကြည့်ကာ ထိုသူမျက်လုံးများ နီရဲလာလေသည်။ ငိုချင်၍မဟုတ်၊ အမျက် ထွက်နေခြင်းကြောင့်ပင်။ သူ၏အမေ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူမ၏လက်ကို ဖြတ်ပစ်ပြီးနောက် ယွင်ချဲ့ ဘာကြောင့် နှုတ်ဆိတ် နေနိုင်ရတာလဲ။ သူသည် အနောက်တောင် စခန်းဌာန၏ Top Ten အဖွဲ့ထဲမှ တစ်ခုဖြစ်သော ရှန်းယန် အဖွဲ့၏ ခေါင်းဆောင်ပင်။ သူသာ မည်သို့မှ မလုပ်ဘဲ ငြိမ်ခံနေလျှင် သူ၏အဖွဲ့ အတွက် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။
"အမေ့ကို ကြည့်ပေးထားပါဦး"
ကျန်းရှန်းယန် တွေးလိုက်ပြီးနောက် မျက်နှာမှာ ပြောင်းလဲ သွားလေသည်။ အမေဖြစ်သူကို အခြားတစ်ယောက်အား စောင့်ကြည့်စေပြီး ကျန်းရှန်းယန် ထရပ်လိုက်သည်။
"မင်းက ငါ့အမေကို နာကျင်အောင် လုပ်တယ်ပေါ့လေ .. မင်းတော့ သေနေ့စေ့ပြီပဲ"
YOU ARE READING
ကမ္ဘာပျက်ကပ်ကစစ်သည်တော်
Romanceဘာသာပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)