Part 136

1.2K 181 0
                                    

136 01

အခန်း (၁၃၆)

မ်စစ်တပ်မှ ဗိုလ်ချုပ်ချန် သေသွားသောကြောင့် အကျိုးဆက် အနေဖြင့် သူ၏စွမ်းအားရှင် စစ်သား ၁ဝဝမှာ မော့မ်းယန်၏ စစ်သားများဖြစ်လာပြီး ဝေ့စစ်တပ်မှ ဗိုလ်ချုပ်ကျန်း သိရှိသွားခဲ့သည်တိုင် အချိန်အနည်းငယ် ကြာသည်အထိ အဆင်ပြေနေခဲ့သည်။ ဗိုလ်ချုပ်ကျန်းလည်း ကိုယ့်ကိုယ်ကို သတိရှိရန်နှင့် ဗိုလ်ချုပ်ချန် ကဲ့သို့ အဆုံးမသတ်စေရန် သတိပေးနေမိသည်။ မဟုတ်လျှင် မော့မ်းယန်က သူ၏စစ်သားများကို အားအင် မသုံးလိုက်ရဘဲ အပိုင်သိမ်း သွားလိမ့်မည်။ ဗိုလ်ချုပ်ချန်သည် အားလုံး၏ ရှေ့မှောက်တွင်ပင် ဝံပုလွေများ၏ အမဲဖြတ်ခံရကာ သေသွားခြင်းကြောင့် သူ၏သေဆုံးမှုမှာ မတရားသော လုပ်ရပ် ဖြစ်သည်ကိုတော့ မည်သူမှ သတိမထားမိကြပေ။

ဝံပုလွေများနှင့် တိုက်ခိုက်ခဲ့ ရပြီးနောက် ချောင်ယန်းနှင့် ထိပ်ဉီး အဖွဲ့သားများ ပင်ပန်းနေကြသဖြင့် အခန်းသို့ပြန်ကာ အနားယူကြသည်။ စကားသိပ်မပြော ကြတော့ဘဲ ဗိုက်ကိုဖြည့်ကာ မျက်နှာသစ် ပြီးသည်နှင့် အိပ်ကြလေတော့သည်။ အခြားသော စွမ်းအားရှင်များလည်း ဖြစ်ပျက် သွားသည်များကို မေးချိန်ပင် ရလိုက်ကြပေ။

ဤသို့ဖြင့် တိတ်ဆိတ်သော ညတစ်ည ကုန်ဆုံးသွားသည်။ နောက်တစ်နေ့ မနက်တွင် ၇နာရီမထိုးခင် အားလုံး နိုးထလာကြပြီးနောက် မျက်နှာသစ်ကာ မနက်စာ စားကြသည်။ ဝံပုလွေအကြောင်း သူတို့ကြားသိသည့် အခါတွင် အများစုမှာ ကြောက်ရွံ့ သွားကြသော်လည်း ဗိုလ်ချုပ်ချန်နှင့် သေသွားသည့် စစ်သားနှစ်ဦးအတွက် မည်သူကမှ မ်းမနည်းကြပေ။ ကပ်ပျက်ကြီးတွင် သေခြင်းတရားက ပုံမှန်ပင်ဖြစ်နေပြီး နေသားကျနေပြီဖြစ်သောကြောင့် မည်သို့ မ်းနည်းရမည်ကိုပင် မသိကြတော့ပေ။

မထွက်ခွာမီ ယွင်ချဲ့က လျို့ဝှက်သော ထောင့်တစ်နေရာတွင် ဟေးယွီကို ခေါ်ထုတ်လိုက်ပြီး တစ်ညတာ အနားယူခဲ့ရသဖြင့် ဟေးယွီလည်း ပြန်လည် ကောင်းမွန် နေပေသည်။ ပြီးပြည့်စုံစွာ သန္ဓေပြောင်းလဲခြင်း မရှိသေးသည့် ဝံပုလွေပင် ဟေးယွီကို ကြောက်လန့် သွားရသဖြင့် ဟေးယွီက သားရဲအားလုံးက အကြီးအကဲဆိုသည့် အတွေးဖြင့် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ စိတ်သက်သာရာ ရသွားသည်။ ဟေးယွီကလည်း အကြီးအကဲ ဖြစ်သည်ထက်ပင် ပိုလွန်ကြောင်း သက်သေပြနိုင်ခဲ့သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now