Part 144

1.1K 135 0
                                    

144 01

အခန်း (၁၄၄.၁) နိုင်ငံပိုင် မြေအောက်သိုလှောင်ခန်းကြီး

နိုင်ငံပိုင်သုတေသနသင်တန်းကျောင်း၏ အတိုင်းအတာကား ကိုယ်ပိုင်သုတေသနသင်တန်းကျောင်းများနှင့် သေချာပေါက်မယှဥ်နိုင်ပေ ခရိုင်မြို့ရှိ ဤသုတေသနသင်တန်းကျောင်းသည် အပင်မျိုးစေ့မျိုးစုံ၏ သန္ဓေ ပြောင်းမှုနှင့် မျိုးဆက်မှုကို အဓိက လေ့လာ၏ ကမ္ဘာပျက်ကပ်မတိုင်ခင်က အ တော်နာမည်ကြီးပြီး တရုတ်နိုင်ငံကို အထောက်အကူပြုခဲ့သည်ဟု ဆိုရပေမည်။ အထဲရှိသိပ္ပံပညာရှင်များက မသေကုန်ဘဲ ထိုအစား ဖုတ် ကောင်များဖြစ်ကုန်၏။ အနည်းစုကသာလျှင် စစ်တပ်ကယ်တင်ခြင်းခံရ၏။ သုတေသနပညာရှင်များနှင့် ပတ်သတ်ပြီး တွင်ကျယ်ကားသူတို့ကို ဂရုမစိုက်ပေ။

"ပစ္စည်းကိရိယာတွေ အားလုံးနဲ့ ကုန်ကြမ်းတွေ သိမ်းဆည်းဖို့အတွက် နယ်မြေစွမ်းအားရှင်သုံးယောက်ကို ခေါ်သွားလိုက် မြေအောက်သိုလှောင်ခန်းကို ဘယ်လိုဖွင့်ရမလဲဆိုတာ ကြည့်အုံးမယ်"

နေ့လည်မွန်းတည့် နှစ်နာရီချိန်၌ စားသောက်ပြီးစီးသည်နှင့် လက် ထောက်ဗိုလ်ချုပ်ကို ပစ္စည်းကိရိယာများ သွားသိမ်းဆည်းခိုင်းခဲ့ပြီး သူကိုယ်တိုင်ကမူ tabletတစ်လုံးထုတ်ကာ သူအစောတုန်းက ဒေါင်းလုတ်ဆွဲထားသည့် သုသေသနသင်တန်းကျောင်း၏ blueprintဆီသို့ ၎င်းကို ရွှေ့ပြောင်းနေလေ၏။ မြေအောက်သို‌လှောင်စခန်းသည် သာမန်လူများအတွက် လျှို့ဝှက်ချက်တစ်ခုဟု သတ်မှတ်နိုင်ပြီး ယခင်သုတေသနပညာရှင်များတောင် မြေအောက်သိုလှောင်စခန်းအကြောင်း မသိကြပေ။

"ဒီအတိုင်းဆိုရင် ငါတို့ ဘယ်အချိန်များမှရှာနိုင်မှာလဲ"

အချိန်အတော်ကြာ စောင့်နေသောယွင်ချဲ့က သူ၏tabletကိုလုယူပြီးနောက် သုတေသနသင်တန်းကျောင်း၏ ပင်မထိန်းချုပ်ရေးအခန်းစီသို့ ရွှေ့ပြောင်းလိုက်ကာ အဖွဲ့ကို ပင်မထိန်းချုပ်ရေးအခန်းသို့ ခေါ်သွားလိုက်၏။ ပြီးနောက် သူ၏စွမ်းအားနယ်မြေထဲမှာ လက်တော့တစ်လုံးကိုထုတ်ပြီး ဖွင့်လိုက်သည်။

"စစ်တပ်ဂြိုလ်တုကွန်ရက်အတွက် လျို့ဝှက်နံပါတ်ကဘာလဲ"

ကမ္ဘာမြေပေါ်ရှိ ကွန်ရက်က ဖျက်စီးခံခဲ့ရပြီးငြား ဂြိုလ်တုကွန်ရက်က အသုံးပြု၍ရနေသေးသည်။ သို့သော်ငြား ဂြိုလ်တုကွန်ရက်ကို ရံဖန်ရံခါ၌ codeများ တစ်ထပ်ပြီးတစ်ထပ် ထားထားသောကြောင့် hackerများ မည်မျှစွမ်း စေကာမူ အလွယ်တကူ မဖြိုခွဲနိုင်ပေ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now