Part 172

661 66 0
                                    

172 01

အခန်း ၁၇၂ အလုံးစုံစွမ်းအားလား သူကအားလုံးကို လက်ခံယုံကြည်ျစခဲ့တာပဲ

"စိတ်မရှိပါနဲ့ အလုံးစုံစွမ်းအားရှင်တဲ့လား"

ယွင်ချဲ့သည် ချန်ချန်နှင့်အတူ အိမ်သို့ပြန်ရောက်လာသည့်အချိန်၌ အားလုံးက ဧည့်ခန်းထဲတွင် ရှိနေသည်။ ချန်ချန်က အလုံးစုံစွမ်းအားပိုင်ဆိုင်သည့် စွမ်းအားရှင်တစ်ယောက်ဖြစ်ကြောင်း သူကြေငြာလိုက်ပြီးနောက် လူတိုင်းသည် ဘေး၌ ရှောင်ပိုင်နှင့် ဆော့ကစားနေသော ဖက်တီးလေးကို အထိတ်တလန့် စိုက်ကြည့်ပြီး သတင်းကို လက်ခံနိုင်ရန် ခက်ခဲနေလေ၏။ အလုံးစုံစွမ်းအားရှင်တစ်ယောက်ဖြစ်ချင်သည့် နှစ်နှစ်အရွယ်ကလေးက စွမ်းအားနှစ်မျိုးပိုင်သည့် စွမ်းအားရှင်များကို နိမ့်ကျသွားစေ၏။

"ဟုတ်တယ်ချဲ့ သေချာရဲ့လား ချန်ချန်မှာ နယ်မြေလေးတစ်ခုရှိတာတော့သိတယ် ဒါပေမဲ့ သူ့မှာ တခြားစွမ်းအားရှိတယ်ဆိုတာ တစ်ခါမှမပြောပြဖူးဘူး"

ယွင်ယောင်က ယွင်ချဲ့၏ဘေး၌ထိုင်ကာ သူ့လက်ကို ဆုပ်ကိုင်ထားလျက် မေးလိုက်လေ၏။ ချန်ချန်သည် ရံဖန်ရံခါ၌ ပစ္စည်းအချို့ ထုတ်တတ်ကြောင်း သူမသိထားခဲ့တာ ကြာပြီဖြစ်၏။ ယင်းကို ချန်ချန်ကသူမအား ဝန်ခံခဲ့သည်။ သို့သော်ငြား

"အစ်မကိုမပြောဘူး ကျွန်တော်သူ့ကို ပြောထားတာ"

သူသည် အစတည်းက သူမကိုပြောပြချင်၏။ သို့သော် ပိုကောင်းတာကို တွေ့ခဲ့၏။ ထိုစဉ်က သူတို့သည် လုံလုံလောက်လောက် မသန်မာခဲ့ပေ။ လျှို့ဝှက်ကို သိသည့်သူကပိုများလေ အန္တာရယ်ပိုမျာစလေဖြစ်၏။

"အလုံးစုံစွမ်းအားရှင်တစ်ယောက်ဖြစ်တာက သူက စွမ်းအင်အားလုံးကို သုံးနိုင်တယ်လို့ မဆိုလိုဘူး အလုံးစုံစွမ်းအားရှင်လို့ခေါ်တာက စွမ်းအင်ငါးမျိုးရှိတဲ့ စွမ်းအားရှင်တွေကိုပြောတာပဲ ရွှေ၊ သတ္တာ၊ ရေ၊ မီးနဲ့ မြေ ဒါတွေအပြင် ချန်ချန်ကလည်း နယ်မြေစွမ်းအားရှိတယ် အရင်တုန်းက လူတွေက အလုံးစုံစွမ်းအားရှင်တွေက ‌အတော်လေး အစွမ်းထက်တယ်ဆိုတာပဲသိတာ ဒါပေမဲ့ အဆင့်တက်ဖို့ ဘယ်လောက်ခက်လဲဆိုတာ သူတို့မသိကြဘူးလေ တခြားသူတွေက အခုအချိန်မှာ ချန်ချန်က အလုံးစုံစွမ်းအားရှင်ဖြစ်တဲ့အကြောင်း ရှာတွေ့သွားခဲ့မယ်ဆိုရင် အဖွဲ့တိုင်းကသူ့ကို စိတ်ဝင်တစား ဖြစ်နေလိမ့်မယ် စစ်တပ်အပါအဝင်ပေါ့ ဒါကြောင့် ဒီလိုဆိုရင် ဓာတ်ခွဲခန်းထဲမှာ စစ်ဆေးခံရမယ် မူမမှန်တဲ့အကြောင်း အမြဲတမ်းသိချင်နေကြမှာ ချန်ချန်ကို ကာကွယ်ဖို့အတွက် သူ့ရဲ့စွမ်းအားအကြောင်း ဘယ်သူ့ကိုမှမပြောဖို့ သူ့ကိုဂတိပေးခိုင်းခဲ့တာ အစ်မကို အချိန်အကြာကြီး သွယ်ဝှက်ထားမိတဲ့အတွက် တောင်းပန်ပါတယ်"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Où les histoires vivent. Découvrez maintenant