Part 86

2K 316 2
                                    

Unicode

အခန်း (၈၆)

ည​နေခင်း အချိန်တွင် ထမင်းစား​သောက်​ နေကြလျက် ကျန့်ယာ​ဖေးက သူမ၏မိဘတို့ကို မိတ်ဆက်​ ပေးသည်။ ကပ်​ဘေး မဆိုက်မီတွင် ကျန့်ထျန်းလုံမှာ ခွဲစိတ်ဆရာဝန် တစ်​ယောက်ဖြစ်​သော​ကြောင့် ကူးမင်ရွှမ်း စိတ်ဝင်တစားရှိကာ ​ကျောက်ယန်း အဖွဲ့၏​ ဆေးရုံသို့ ဝင်​ရောက်ရန် အကြံပေး တိုက်တွန်း​လေသည်။ အလင်းစွမ်းအား ရှိသူများသည် သာမန် ထိခိုက် ဒဏ်ရာများကို ကုသ​ပေးနိုင်​ သော်လည်း ​ရောဂါဘယတို့ကို ​ပျောက်ကင်း​အောင် မစွမ်းနိုင်​သဖြင့် ​ဆေးရုံ​ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ကူးမင်ရွှမ်းကို ယွင်ချဲ့ မတား​တော့​ပေ။ သူတို့မှာ အဖွဲ့မတူကြ​သော်လည်း ရှင်းဖုန်းက ယွင်ချဲ့ တို့ကို များစွာ ကူညီ​ပေးခဲ့သည့်အပြင် ကျန့်ထျန်းလုံအား သူတို့နှင့်အတူ ဖုတ်ကောင်များ တိုက်ခိုက်ရန်အတွက် ​မတိုက်တွန်းလို​ပေ။ ​​ကျောက်ယန်းအဖွဲ့က ကျန့်ထျန်းလုံကို လိုအပ်ပြီး ​နောက်ပိုင်းတွင်လည်း အလုပ်ရလာနိုင်သည်။ ကျန့်ထျန်းလုံမှာ ချက်ချင်း မငြင်းပယ်ဘဲ စဉ်းစားဉီးမည်ဟုသာ ပြန်​ပြောသဖြင့် ကူးမင်ရွှမ်းလည်း အတင်း မတိုက်တွန်း​တော့​ပေ။

ညစာ စားပြီးချိန်တွင် တစ်​ယောက်နှင့် တစ်​ယောက် ရင်းနှီးသွားကြပြီး ကျန့်ထျန်းလုံနှင့် ဝမ်စူးဟွာ တို့သည် ယွင်ချဲ့တို့ကို စွမ်းရည်ရှိ​သော လူရွယ်​ကောင်းများ ဖြစ်​ကြောင်း သိသွားကြသည့် အပြင် ရှင်းဖုန်းနှင့် သူ၏လူတို့မှာလည်း ကျန့်ထျန်းလုံတို့ကို ထူးခြားမှု မရှိ​ကြောင်း အတည်ပြု လိုက်ကြသည်။ ထို့​ကြောင့်ပင် အချင်းချင်း ရင်းနှီး​ကောင်းမွန်စွာ ဆက်ဆံ နိုင်ကြမည်ဟု ယူဆရ​ပေသည်။

ည​ရောက်​လေ​သော် ယွင်ချဲ့မှာ ရှင်းဖုန်း နှင့်မအိပ်ဘဲ လန်ယဲ့ဟန် နှင့်အတူ အခြား၂​ယောက်နှင့် အခန်းတစ်ခန်းကို မျှအိပ်ကြ​လေသည်။ နံနက်လင်းချိန် မနက်စာ စားပြီး​နောက် လန်ယဲ့ဟန်က ကျန့်ယာ​ဖေးနှင့် ကျိုးဇယ်ယွီ တို့ကို​ ခေါ်လျက် စွမ်းအားရှင် အဖွဲ့အစည်းသို့ သွားကာ အမြု​တေစုရန်နှင့် ကျန်ရှိ​နေ​သေး​သော တာဝန်များ လုပ်​ဆောင်ရန် ထွက်သွားကြ​လေသည်။ ယွင်ယောင် နှင့်အတူ ကျန့်ထျန်းလုံ နှင့်ဇနီးတို့မှာ ယွင်ချဲ့ ပြင်ဆင်ထား​သော အခန်းများတွင် လိုအပ်သည့် အရာရှိမရှိကို ကြည့်ရှုကြ​လေသည်။ ယွင်ချဲ့က ရှင်းဖုန်းနှင့် လုဟိုင်ရွှမ်းကို​ ခေါ်ကာ အိမ်ရာ​ အောက်​ခြေတွင် သံမဏိပြားများ ထည့်ရန် စီစဉ်​လေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now