Unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အခန်း (၄၃)
ယွင်ချဲ့ တို့အဖွဲ့မှာ အလွန် အင်အားကြီးသဖြင့် အချိန်ခဏလေး အတွင်းတွင် လမ်းဆုံအလယ်သို့ ရောက်လာကြပြီး အနောက်တွင် အလောင်းများနှင့် ခန္ဓာကိုယ် အပိုင်းအပြတ်များသာ စုပုံနေလေသည်။
သို့သော်လည်း သူတို့ မသတ်ဖြတ်နိုင်ခဲ့သော ဖုတ်ကောင်များစွာလည်း ရှိနေသေးသည်။ ဖုတ်ကောင်များမှာ နာကျင်ခြင်းနှင့် ကြောက်လန့်ခြင်း ကင်းမဲ့သော်လည်း လူသားများ၏ အသွေးအသားနံ့များကို ကောင်းစွာ ခံစားနိုင်ကြသဖြင့် မကြာခင်တွင် စွမ်းအားနည်းလာတော့မည်ဖြစ်သော ယွင်ချဲ့နှင့် အခြားသူများ နောက်သို့ အပြေးလိုက် နေကြလေသည်။
မြင့်မားသော အဆောက်အအုံတစ်ခု၏ ထိပ်တွင် သာမန်မဟုတ်သော ဖုတ်ကောင် တစ်ကောင်ရှိနေပြီး ဘေးတွင်လည်း လူတစ်ယောက် ရပ်နေသည်။ ထိုလူမှာ ဖုတ်ကောင်၏ ပခုံးကို ထိကိုင်လိုက်ပြီး ...
"သွားတော့ .. သူတို့ရဲ့ခန္ဓာကိုယ်က အားရှိစေတော့ မင်းကို အဆင့်တိုးတက်အောင် လုပ်ပေးလိမ့်မယ်"
ထိုလူ၏အသံမှာ ကျိုးပဲ့နေသော မောင်းကဲ့သို့ ကွဲအက်နေပြီး သူ၏ စကားများမှာ ပို၍ရင်ထိတ်ဖွယ် ဖြစ်နေလေသည်။ အသက် ၃ဝ ဝန်းကျင်အရွယ်ဟု ယူဆရပြီး ရုပ်ရည်မှာလည်း ကြည့်ပျော်ရှုပျော် မဟုတ်သည့်အပြင် မျက်နှာမှာလည်း အသက်မဲ့နေ သကဲ့သို့ အေးစက်တည်ငြိမ် လွန်းလှသည်။ အကယ်၍ သူသာ စကားမပြောခဲ့လျှင် ဖုတ်ကောင်ဟု အထင်မှားမိလိမ့်မည်။
ထိုဖုတ်ကောင်လည်း အမိန့်ကို နာခံပြီးနောက် ဟိန်းဟောက်ကာ အောက်သို့ ဒိုင်ဗင်ထိုးဆင်း သွားလေသည်။
"အစ်ကို ချဲ့ ... ငါတို့အစွမ်းတွေ ကြာကြာ မတောင့်ခံနိုင်လောက်ဘူး"
ကျိုးဇယ်ယွီနှင့် အခြားသူများလည်း ပင်ပန်းနွမ်းနယ်ကာ ချွေးစေးများ ကျနေလေသည်။ သူတို့၏ အစွမ်းများ အားလျော့လာလျှင် ဖုတ်ကောင်များ၏ အစာဖြစ်လာမည်မှာ မလွဲပင်။
"ဟိုမှာ လာနေပြီ !"
"ဘာကြီးလဲ"
ဝုန်း
YOU ARE READING
ကမ္ဘာပျက်ကပ်ကစစ်သည်တော်
Romanceဘာသာပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)