Part 164

696 98 2
                                    

164 01

အခန်း ၁၆၄ အသံစွမ်းအားရှင်၏စွမ်းအား

"ခေါင်းဆောင် ကျွန်မတို့တွေ သူတို့ကို သတိသွားပေးသင့်လား"

အစောတုန်းက သူတို့ခေါင်းဆောင် ဆူပူတာခံရပြီးနောက် အရှင်သခင်မိန်းကလေးများ၏ အဖွဲ့ဝင်များအားလုံးသည် ခေါင်းအေးအေးထားနိုင်သွားပြီဖြစ်သည်။ ပွဲကြည့်ပရိတ်သတ်အမြင်ကနေ ယွင်ချဲ့က တွက်ချက်တတ်သည့်သူဆိုတာ သူတို့သတိပြုမိ၏။ သူက ထောင်ချန်း၌ စိတ်တိုလွယ်သည့်သဘောထား ရှာတွေ့သွားပြီး တမင်တကာ ထောင်ချန်းကို ရန်စပြီး သူ့ကို ကန့်သတ်ချက်မရှိသည့် တိုက်ပွဲတစ်ပွဲ ရွေးချယ်မိအောင် ဖိအားပေးခဲ့သည်။ ကျန်သည့်သူများကညထောင်ချန်းကို မတားခဲ့လျှင် သူသည် မကြာမီ၌ သေလူတစ်‌ယောက်ဖြစ်လိမ့်မည်။ ယွင်ချဲ့သည် ထောင်ချန်းကို သတ်ရန်အတွက် သူ၏နယ်မြေစွမ်းအားရှင်အား မည်ကဲ့သို့နည်းအသုံးပြုမည်ဆိုတာ သူတို့မသိသေးပေ။

"အင်း ငါတို့အခု ရှေ့တက်လိုက်မယ်ဆိုရင် ငါတို့က သူတို့နဲ့တစ်ဖွဲ့တည်းဆိုတာ အများကို ပြောပြသလို ဖြစ်သွားလိမ့်မယ်"

ဖုန်းရှင်းလန်က အခက်တွေ့နေလေ၏။ သူတို့၌ နယ်မြေစွမ်းအားရှင် အရေအ‌တွက်က အကန့်အသတ်သာရှိပြီး တစ်ယောက်ဆုံးရှုံးခြင်းက သူတို့အတွက် သိသာသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်လိမ့်မည်။ ကမ္ဘာပျက်ကပ်အသူရာနှင့် တူညီသော တပ်မဟာကနေလာသောကြောင့် သူမသည် ယွင်ချဲ့၏ လုပ်ငန်းစဉ်ကို သိသွားချိန်၌ သူတို့ကို သတိပေးချင်ခဲ့သည်။ သို့သော်ငြား သူမယခု ရှေ့တက်လိုက်ပါက သူတို့သည် ကမ္ဘာပျက်ကပ်အသူရာနှင့် တစ်သင်းတည်းဖြစ်နေကြောင်း လူတိုင်း‌ကို ပြောပြသလိုဖြစ်သွားပေလိမ့်မည်။ ယနေ့ပြီးနောက် ကမ္ဘာပျက်ကပ်အသူရာနှင့် ထိပ်ဦးအဖွဲ့တို့က တစ်ယောက်နှင့်တစ်ယောက် မုန်းတီးနေကြပေလိမ့်မည်။ သူတို့ကိုယ်သူတို့ ထုတ်ပြမိခဲ့ပါက သူတို့သည်‌နောင်ကျ ထိပ်ဦးအဖွဲ့နှင့် နီးကပ်အောင် မည်သို့ ပြုလုပ်ရတော့မည်နည်း။

"ဒါပေမဲ့ ခေါင်းဆောင်လော့က"

အရှင်သခင်မိန်းကလေးများ၏ စိုးရိမ်ပူပန်မှုဖြင့် တွေဝေနေသော လော့ဟွိုင်ကို စိုးရိမ်ပူပန်စွာ ကြည့်နေ၏။ ယင်းကိုကြည့်နေသည့် ကျန်သည့်အဖွဲ့နှစ်ဖွဲ့လည်းရှိ၏။ ကြီးမြတ်သောအဖွဲ့နှင့် အမွှေးနံ့သာအဖွဲ့ပဲဖြစ်သည်။ သူတို့သည်လက်ရှိရေတို ပူးပေါင်းဆောင်ရွက်ထားသော်ငြား ထိပ်ဦးအဖွဲ့နှင့် ကမ္ဘာပျက်ကပ်အသူရာတို့ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်တာကို မြင်ချင်နေသည်။ ထို့ကြောင့် သူတို့က လော့ဟွိုင်ကို စိန်ခေါ်မှုချက်ချင်း လက်ခံစေချင်၏။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now