Part 114

1.4K 237 0
                                    

Unicode
အခန်း (၁၁၄)

"အား ! လုဟိုင်ရွှမ်း .. ဆန်ကုန်မြေလေးကောင် !"

"ဒုက္ခပါပဲ လွှတ်စမ်း ! သူက နင့်ရဲ့ဉီးလေးနော် !"

"သူ့ကိုလွှတ်လိုက်! သူ့ကို မသန်မစွမ်းဖြစ်အောင် လုပ်နေတာလား !"

ယွင်ယောင်အား ကိုယ်ထိလက်ရောက် လုပ်ခဲ့သည်ဟု ကြားလိုက်ရသည့်အခါ လုဟိုင်ရွှမ်း ဒေါသဖြစ်လာခဲ့ပြီး ဆုပ်ကိုင်ထားသော လက်ကိုလည်း ပိုတင်းကျပ်စွာ ဆုပ်ထားလိုက်ရာ ထိုလူမှာလည်း အဆက်မပြတ် အော်နေလေသည်။ လု မိသားစုဝင်များ တစ်ယောက်ပြီး တစ်ယောက် ပြေးလာကာ သူတို့ကို ဆွဲကြလေသည်။

"လုဟိုင်ရွှမ်း သူတို့ကို ဂရုမစိုက်နဲ့ ... မင်းရဲ့ဉီးလေးလား ဟမ် .. အဲဒီစုတ်ပြတ်တဲ့ ဉီးလေးကပဲ မင်းရဲ့အမေကို တွန်းထုတ်လိုက်လို့ မင်းအမေခေါင်းမှာ ဒဏ်ရာရသွားတာ .. မင်းသူ့ကို သနားနေရင် ငါမင်းကိုတစ်သက်လုံး အထင်သေးသွားမှာ"

ယွင်ချဲ့ ပခုံးပေါ်တွင် ရပ်ကာ ဟေးယွီက သူ၏ကိုယ် သေးသေးလေးဖြင့် လု မိသားစုတို့ကို မာန်ဖီကာ အော်ပြောလိုက်သည်။

ကျွတ်

"အား !"

ဟေးယွီ စကားကြောင့် ဒေါသထွက် နေသော လုဟိုင်ရွှမ်းက သူ၏အားများကို ဘယ်ဘက်လက်သို့ စုလိုက်ရာ ကျိုးပဲ့သွားသော အသံနှင့် ထိုလူမှာ စူးဝါးစွာ အော်လိုက်သည်။ လုဟိုင်ရွှမ်းလည်း လွှတ်ပေးလိုက်ရာ ထိုလူမှာ သူ၏လက်ကိုပင် မလှုပ်နိုင်တော့ပေ။

"လုယန်း ! ရရဲ့လား လုယန်း"

"ညီလေး .."

"ဉီးလေး ..."

လု မိသားစုဝင်တို့မှာ ထိုသူကို စိုးရိမ်တကြီးနှင့် အပြေးကြည့်ကြလေသည်။ သူတို့သည် တပ်မိသားစုဟု ထင်ရသော်လည်း လုဟိုင်ရွှမ်း၏ အမေနှင့် အဘိုးတို့ကို မတူမတန်စွာ ဆက်ဆံသည်။ လုဟိုင်ရွှမ်းလည်း ပို၍ အေးစက်စက်နှင့် ကြည့်လိုက်ပြီး ...

"အဲဒီကျိုးသွားတဲ့ လက်က ခင်ဗျားတို့ ဆပ်ဖို့ ကျန်တဲ့အကြွေးရဲ့ အနည်းအကျဉ်းပဲရှိသေးတယ် .. ကျုပ်အမေကို အနာတရ ဖြစ်အောင်လုပ် ကျုပ်အစ်မကို အခွင့်ကောင်းယူ စော်ကား ကျုပ်ရဲ့မိသားစုကို အာခံအောင်လုပ်ပြီး လွယ်လွယ်နဲ့ လွှတ်မယ် ထင်နေလား"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now