Part 72

2K 325 1
                                    

Unicode
အခန်း (၇၂)

ဖုတ်ကောင်များနှင့် စွမ်းအားများမှာ အဆင့် ၁၀ အထိ ရှိကြပြီး အဆင့်တစ်ဆင့် တိုးလာသည်နှင့် တိုက်ခိုက် စွမ်းရည်များလည်း တိုးတက်လာသည်။ ထို့ကြောင့်ပင် စွမ်းအားအဆင့် ၂ ရှိသည့် သူတို့၏ အဖွဲ့မှာ လင်းကျန်းမြို့တွင် ရင်ဆိုင်ခဲ့ရသည့် အဆင့် ၃ ရှိသော ဖုတ်ကောင်ကို အနည်းငယ်သာ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ အဆင့် ၃ ဖုတ်ကောင်နှင့် မတိုက်ခိုက်မီတွင် ခွန်အားများစွာ သုံးခဲ့ရခြင်းနှင့် ထိုအဆင့် ၃ ရှိသော ဖုတ်ကောင်မှာ လူဖြစ်ခဲ့စဉ်က စွမ်းအား ရှိခဲ့ပုံရသည်။ ထို့အပြင် အဆင့် ၃ နှင့် အဆင့် ၂ မှာလည်း အလွန် ကွာဟလှပေသည်။

ဥပမာအနေနှင့် ယွင်ချဲ့ ဆိုလျှင် အဆင့် ၂ ရှိနေပြီး စခန်းမှ ဝေ့မြို့အထိ သူ၏လေထုအစွမ်းကို အားကုန်သုံးကာ ကားကို ရစ်ပတ်လာခဲ့သဖြင့် မောပန်းကာ မျက်လုံးကိုပင် ခက်ခဲစွာ ဖွင့်ခဲ့ရသည်။ ယခုအခါ ယွင်ချဲ့၏ စွမ်းအားမှာ အဆင့် ၃ သို့ ရောက်သွားပြီဖြစ်သည်။ ဝေ့မြို့မှ နယ်မြို့အထိ သွားရာတွင် သူ၏အစွမ်းကို သုံးထားရသော်လည်း အခုထိတိုင် အဆင်ပြေနေလျက်ပင်။

"နယ်မြို့ ပတ်လည်မှာ ဒေသအစိုးရက ဆောက်ထားတဲ့ လုံခြုံရေးစခန်းတွေ အများကြီးရှိသေးတယ် ငါတို့သွားကြည့်မှပဲ သူတို့အစွမ်းတွေကို သိရတော့မယ် ... အာ ဟိုမှာ စခန်းငယ်လေးတွေရှိသေးတာပဲ။ တချို့ဖုတ်ကောင် မုန်းတီးရေးအဖွဲ့က လူတွေ ဒါဇင်ကျော် ရှိကြတော့ အရေအတွက်ကို ခန့်မှန်းဖို့ မလွယ်ဘူး ... ငါတို့ ဘယ်ကို အရင်သွားသင့်လဲ"

နယ်မြို့သို့ ရောက်လာကြသည်နှင့် ယန်းဟွိုင်အန်းက ရေဒီယိုကိုဖွင့်ကာ စခန်းများ၏ လိပ်စာကို သေချာရေးမှတ် နေလေသည်။

"အခုတော့ နောက်ကျနေပြီ တစ်နေရာမှာ နားကြရအောင် ... မနက်ဖြန်မှ ယာဖေး အိမ်ကို သွားကြမယ်။ တကယ်လို့ သူ့မိသားစုဝင်တွေ ဆုံးသွားကြပြီဆိုရင် ငါတို့ရှာစရာ မလိုတော့ဘူး .. ဒါမဟုတ် အသက်ရှင်လျက် ထွက်သွားကြတယ် ဆိုရင် ခြေစလက်စတော့ ကျန်ခဲ့ဉီးမှာပဲ"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now