Part58(uni+zawgyi)

1.4K 87 11
                                    

Uni

"ကဲ သားခန့်ရယ် သားစိတ်ကို အတတ်နိုင်ဆုံးအရှင်းဆုံးထားပြီး ကြီးမြနဲ့ ရန်ကုန်ပြန်ရအောင်နော်

သားလည်းကြာရင် ဒီစိတ်နဲ့ပဲ လုံးပါးပါးသွားမှာကို ကြီးမြမလိုချင်ဘူးကွယ်"

"စိတ်ချပါ ကြီးမြ ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်😌 ကြီးမြဘာမှ မစိုးရိမ်ပါနဲ့နော်"

ခန့်ထယ်ဝါ ပြုံးပြီးပြောနေပေမယ့် သူ့ရင်ထဲက အပူတွေက မျက်လုံးမှာ ပေါ်နေတာကြောင့် ကြီးမြခင်ဗျာလည်း အားပေးနှစ်သိမ့်ဖို့သာတတ်နိုင်တော့တယ်

ညဘက်လည်းမအိပ်သလို နေ့ဘက်လည်းမအိပ် အစားလည်း ကောင်းကောင်းမစားတာကြောင့် သူ့တူအတွက်တော့ သူမမှာ ပူပင်နေရတာ အချိန်တိုင်းလိိုလိုပါပဲ

................

"ကိုသတ္တိကို ကျွန်တော် အပျက်ပဲပြောလိုက်မယ် ဒီမှာ ပုလဲနက်လည်းမရှိဘူး ကိုခန့်လည်းမရှိဘူး blackကို ဘာကိစ္စအတွက် လိုက်ရှာနေတာလဲဆိုတာ မသိပေမယ့် ကျွန်တော်ပြောန်ုင်တာကတော့ ခင်ဗျားခုလည်း ဘာအကြောင့်ပြချက်နဲ့ရှာရှာ သူ့ကိုတွေ့ရမှာမဟုတ်ဘူးဆိုတာပဲ"

"သူမရှိဘူးဆိုတော့ မင်းတို့တူဝရီးက သူ့အိမ်မှာဘာလို့လာနေနေတာလဲ သူမရှိရင် အိမ်ပိတ်ခဲ့မှာပေါ့ကွ ငါ့ကိုလာမလိမ်နဲ့ ဟေ့ရောင် ထုတ်ပေး ခုပုလဲနက်ကိုထုတ်ပေးနော် မဟုတ်ရင် ရဲတိုင်လိုက်မှာ"

"တိုင်ပေါ့ ခင်ဗျားကို ကျွန်တော်စကားအကုန်ပြောပြီးသား သူက ကျွန်တော့်ကိုအိမ်အပ်သွားတာ သူတင်မကဘူး ကိုခန့်ထယ်ဝါကပါ ဒီအိမ်ကို သူခိုးတွေလာမှာဆိုးလို့ဆိုပြီး လာနေခိုင်းလို့ ဟွန်း တော်သေးတာပေါ့ ကျွန်တော်တို့လာနေလို့ မဟုတ်ရင်တော့ မတွေးစရာ

အော် ရဲဆိုလို့ ကျွန်တော်က ရဲမကြေက်ဘူးနော် တချို့လူတွေလိုရဲတွေ့တာနဲ့ကြောက်နေတာမဟုတ်တော့ တိုင်လိုက်ပါ ကျွန်တော်တို့လဲ စကားပြောဖော်ရတာပေါ့"

"တောက် မင်း မင်းနဲ့ငါတစ်နေ့တွေ့မယ်"
အားမတန်တော့ မာန်လျော့ကာပြန်ခဲ့ရပေမယ့် သိပ်တော့ အခဲမကြေ အိမ်ပြန်ရင်လဲ ပုလဲနက်ပါလာမှာကို ထိုင်စောင့်နေတဲ့မေမေ့ကိုပဲတွေ့ရတော့မှာ ကိုခန့်ကပြန်လာတော့မယ် ခုထိ ပုလဲနက်ကမတွေ့သေးဘူး
သူပြန်မလာခင် တွေ့အောင်ရှာပြီးလက်ထက်ထားမှ ကြိမ်းသေမှာ

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now