part59(uni/zawgyi)

1.5K 86 10
                                    

Uni

တခါမှ စကားလုံးကျယ်ကျယ်တောင်မပြောခဲ့တဲ့ကြီးမြ
ခု သားလိုချစ်ရတဲ့တူလေးကို

မျက်ရည်အပြည့်ဖြင့်
နာကြည်းစွာ ကြည့်ပြီး အိမ်ပေါ်ကနှင်ချနေတာ

"ဘာ မင်းကိုရှင်းရမယ် ဟုတ်လား အေးဖတ်ကြည့် ဒီမှာ ရော့ မင်းရော ထိုင် နှင်းဖြူစင် ငါနဲ့ ဂုဏ်မာန်မှားတာ ကလေးကို မင်းလိုလူယုတ်မာလက်ထဲထည့်ပေးခဲ့မိတာ မင်းက မိဘနဲ့ တစ်ဆက်မှမတူတဲ့ သားဆိုးပဲ ခန့်ထယ်ဝါ ငါမင်းနဲ့ အမျိုးတော်ရတာရှက်တယ် "

ကြီးမြပစ်ပေးလိုက်တဲ့ မှတ်စုစာအုပ်လေးကို အလောတကြီဖွင့်ဖတ်မိတော့

ခန့်ထယ်ဝါအတွက် ခန့်ထယ်ဝါကြိုက်တတ်တာတွေနဲ့ ဘယ်လိုပြင်စင်ချက်ပြုတ်ရမယ်ဆိုတာတွေကို အသေးစိတ်ရေးထားတာ

နောက်ဆုံးစာရွက်မှာတော့ နှင်းဖြူစင်ကို သေချာလေးမှာထားလေရဲ့

!မမနှင်း
နက်အလေးအနက်လေးတောင်းဆိုပါတယ်နော်
ကိုကိုကလေ မတည့်တဲ့အစားအစာတွေသိပ်များလို့ တတ်နိုင်သမျှအိမ်မှာပဲ အဆင်ပြေအောင်ချက်ပေးပါနော်
တကယ်လို့များ မမနှင်းက ကိုယ်လေးလက်ဝန်နဲ့မို့မချက်နိုင်ရင်တောင် အကူလေးခေါ်ပြီးဖြစ်ဖြစ် ချက်ပေးပါနော်

နက်က မမတို့ မိသားစုကို မခွဲတော့မှာမို့ နက်ကိုဒီတစ်ခုတော့ လိုက်လျောပေးပါနော်!

"ဒါ ဘာတွေလဲ မဟုတ်ဘူး ကြီးမြ မဟုတ်ဘူး သားလုံးဝမသိဘူး နှင်းဖြူစင် မှာကိုယ်ဝန်ရှိနေတာလဲ သားနဲ့ မဆိုင်ဘူး သားလည်းမသိခဲ့ပါဘူး

မင်း နှင်းဖြူစင် ရှင်းစမ်း ဒါ မင်းလက်ချက်မလား မင်းလက်ချက်မလားလို့ "

"ဟုတ်တယ် ပုလဲနက်က မောင့်ကို ဒီနည်းသုံးမှ ကွာပေးမှာလေ သူက နှင်းပြောတိုင်းယုံနေတာဆိုတော့ ဟင်းဟင်း"

"ဦးတစ်ခုတော့ပြောမယ် မောင်ခန့်
သားခံစားနေရတာကို ပိုဆိုးအောင်လုပ်နေတာတော့ မဟုတ်ပေမယ့်

ခု ပုလဲနက်က သားသတ္တိဆီမှာရှိနေတာမဟုတ်ဘူး သားအိမ်ကထွက်သွားပြီးတည်းက နက်လေးကိုသူတို့တွေရှာနေကြတာ

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now