Chapter 1

3K 151 10
                                    

[Unicode]
အပိုင်း ၁ ရေနွေးနွေးထဲမှာထည့်ပြုတ်ခံရတဲ့ဖားလေး

လုယိချန်ကြောင့် ကျီယန်ထိခိုက်ရခြင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်တော့ပေ။

နောက်တစ်နည်းပြောရရင်တော့ဖြင့် ကျီယန်တစ်ယောက် လုယိချန်နှင့် တစ်ကြိမ်ထက်မက ရန်ဖြစ်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါလေးတောင်မျှ အနိုင်မရခဲ့ဖူးပေ။

အနီးအနားရှိဆေးခန်းလေးမှာ လူရှင်းလို့နေသည်။ ဆရာဝန်မှ ကျီယန်၏ဒဏ်ရာကို ချုပ်ပေးပြီးသွားချိန်မှာပဲ သူ့ဆီကို လုယိချန် ဖုန်းဆက်လို့လာသည်။

ကျီယန် ဒေါသထွက်ထွက်နှင့် သူ့ဆံပင်ရှည်များကို ဆွဲဆုပ်လိုက်ကာ ဖုန်းကို မကိုင်ဘဲ ချပစ်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ဆေးခန်းထဲမှ ထွက်လာခဲ့သည်။

ခဏအကြာမှာတော့ ကျီယန် သူ၏နဂိုတဝက်ရှည်နေသည့် ဆံသားများကို အပြီးတိုင်နှုတ်ဆက်ကာ လန်းဆန်းသစ်လွင်သည့်ဆံပင်တိုတိုနှင့် အစားထိုးလိုက်သည်။ လက်ရှိဆံပင်ပုံစံအသစ်ကို ကျီယန်အလွန်သဘောကျနေပြီး သူ့ပုံစံက ပိုလို့လန်းဆန်းတက်ကြွလာခဲ့သည်။

မွန်းလွဲပိုင်း အိမ်ပြန်ရောက်လာချိန်မှာတော့ အခန်းသည် သူ မနက်တုန်းက ထွက်သွားကာစကလိုမျိုး ရှုပ်ပွနေခြင်းလုံးဝမရှိဘဲ သန့်ရှင်းသပ်ရပ်လို့နေသည်။ ကျီယန် လှောင်ပြုံးတစ်ချက်ပြုံးလိုက်ကာ ထိုအပြုံးထဲတွင် အေးစက်မှုနှင့် ရွံ့ရှာမှုတို့ပြည့်နှက်နေသော်လည်း သူ၏ဖြူဖျော့ဖျော့မျက်နှာလေးက အနည်းငယ်အထီးကျန်နေပုံပေါက်သည်။

သူ နောက်ပြန်လှည့်ကာ တံခါးကိုပိတ်လိုက်ချိန်မှာတော့ ဤကြီးမားတိတ်ဆိတ်သည့်အိမ်ကြီးထဲတွင် သူတစ်ယောက်တည်းရှိနေတော့သည်။ ထို့နောက် ရေခဲသေတ္တာရှိရာသို့သွားကာ ဘီယာတစ်ဘူးဆွဲထုတ်လိုက်ပြီး တံခါးကိုပြန်ပိတ်လိုက်ချိန်တွင် မှတ်စုလေးတစ်စောင်ကပ်ထားသည်ကို မြင်လိုက်ရသည်။ ထိုစာကို မဖတ်ကြည့်ဘဲနဲ့တောင်မှ ဘာတွေရေးထားမလဲ သူခန့်မှန်းနိုင်နေပေပြီ။

ထိုမှတ်စုလေးထဲတွင် စကားလုံးသုံး(လေး)လုံးသာပါရှိပြီး : 'တောင်းပန်ပါတယ်' ဟုသာ။

Warm Water (MM Translation) Completed Where stories live. Discover now