အခန်း ၅ ဘွဲ့မရခင်

837 120 0
                                    

[Unicode]
အခန်း ၅ ဘွဲ့မရခင်

အရက်နာကျနေတဲ့ ခံစားချက်နဲ့အတူ လုယိချန်တစ်ယောက် ခပ်သေးသေးဆိုဖာပေါ်မှ နိုးထလာခဲ့သည်။

ကျီယန်ကတော့ မီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေခဲ့ပြီး သူနိုးလာတာကိုမြင်တော့ မနက်စာပြင်ပေးသည် "လာလေ တစ်ခုခုစားရအောင်".

ပန်းကန်ပြားပေါ်တင်ထားတဲ့ အစားအသောက် အရမ်းရိုးရှင်းလွန်းတယ်။ နွားနို့နှစ်ခွက်နဲ့ အသားညှပ်ပေါင်မုန့်နှစ်ခု။

လုယိချန်ကတော့ အခုထိစိတ်အခြေအနေမကောင်းသေးပေ။

"ဘာလို့မစားတာလဲ?" ကျီယန်ကမေးလိုက်တယ်။

"တောင်းပန်ပါတယ်, ငါတကယ်စားချင်စိတ်မရှိလို့။"

လုယိချန်ရဲ့ သုန်မှုန်နေတဲ့မျက်နှာထားကို မြင်တော့ ကျီယန် အနည်းငယ်စဥ်းစားပြီး မေးခဲ့သည် "မင်းသဘောကျနေတဲ့လူက နိုင်ငံခြားပညာတော်သင်ထွက်သွားလို့လား?"

လုယိချန်အချိန်ခဏလောက်တောင့်သွားပြီး ဘာမှပြန်မဖြေခဲ့ပေ, သို့သော် ပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့ သူ့မျက်လုံးများက ပြောပြနေခဲ့သည်။

"ဆိုတော့ တဖက်လူက ယောက်ျားလေးလား?" ကျီယန်က ဒီတိုင်းမေးနေသလိုပေမယ့် သူအမူအရာက တည်တင်းနေခဲ့သည်။

လုယိချန် လှုပ်ရှားသွားပြီး သူ့ပါးစပ်ကိုဟလိုက်ပေမယ့် မည်သည့်စကားလုံးမှထွက်မလာခဲ့ချေ။

သူငြင်းချင်တာလား လက်ခံလိုက်တာလားဆိုတာ ကျီယန်လဲမခန့်မှန်းနိုင်

" မနေ့ညက မင်းမူးနေတုန်း ကိုယ်တိုင်ပဲပြောခဲ့တာ" ခဏလောက်စဥ်းစားပြီးတော့ ကျီယန်က သူ့ကိုနှစ့်သိမ့်ပေးဖို့ကြိုးစားလိုက်တယ်: " ဒီကိစ္စကြောင့်နဲ့ စိတ်မကောင်းမဖြစ်ပါနဲ့, ဒါကရောဂါမှမဟုတ်တာ။ သတိမထားမိဘူးဆိုတာနဲ့ပဲ ဖြစ်တည်မှုမရှိတာ, မှားယွင်းနေတာမဟုတ်ဘူးလေ ။ မင်းကျယ်ပြောတဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ရတဲ့ အခါကျရင် မင်းလိုလူတွေအများကြီးရှိမှန်းသိလာလိမ့်မယ်။"

လုယိချန်တစ်ယောက် ကျီယန်ကို တအံ့တသြကြည့်မိသည်။ ဘယ်သူကမှ သူ့ကိုဒီလိုစကားမျိုးမပြောခဲ့ဖူးဘူး။

Warm Water (MM Translation) Completed Where stories live. Discover now