အခန်း ၆။ အရေးပါတဲ့ သူငယ်ချင်းတစ်ယောက်

892 124 1
                                    

[Unicode]
အခန်း ၆။ အရေးပါတဲ့ သူငယ်ချင်းတစ်ယောက်

နွေညရဲ့ လေညှင်းက တိမ်ဆိုင်တွေကိုတိုက်ခတ်သွားပြီး တောက်ပတဲ့လရောင်က မြေပြင်ပေါ်မှာတောက်ပသွားခဲ့သည်။

ကျီယန်က သူ့ကို့အံ့သြတကြီးကြည့်နေတဲ့ လုယိချန် ကို လွှတ်ပေးရင်းနဲ့ ရယ်ပြီးပြောလိုက်တယ်: "နမ်းတာက လူတွေကိုစိတ်ခံစားမှုကောင်းစေတယ်တဲ့။"

လုယိချန်က ကျီယန်ကို ဘာမှပြန်မပြောဘဲ ကြည့်နေခဲ့တယ်, သူဘာတွေးနေလဲဆိုတာ မသိတဲ့ပုံစံဖြစ်နေခဲ့သည်။

"မင်း စိတ်သက်သာသွားပြီဆိုရင် အိမ်ပြန်လိုက်တော့။ ဘတ်စ်ကားခရော အလုံအလောက်ပါရဲ့လား? မပါရင် ငါပေးလိုက်မယ်လေ" ကျီယန်သူ့ အိတ်ကပ်ထဲကနေ အကြွေစေ့အနည်းငယ်ကို ထုတ်ပြီး လုယိချန်လက်ထဲ ထည့်ပေးလိုက်သည်။

"ခုန နမ်းလိုက်တာကို အရမ်းကြီးအာရုံထားမနေနဲ့, အဲ့တာဘာမှမဟုတ်ဘူး"လို့ပြောရင်းနဲ့ ကျီယန်က လမ်းကြားထဲကနေ လှည့်ထွက်ဖို့လုပ်လိုက်တယ်, သူ့ရဲ့ ရှက်သွေးဖြာနေတဲ့ မျက်နှာကိုတော့ လရောင်အောက်မှာ အသေအချာဖုံးကွယ်ထားနိုင်ခဲ့သည်။

သူ အခုလေးတင်ပဲ မိုက်ရူးရဲဆန်တဲ့လုပ်ရပ်ကို လုပ်မိခဲ့တာ။ လုယိချန်က အခုမှ အထက်တန်းပြီးသွားတဲ့ ကျောင်းသားလေးလေ။ ဘယ်လိုလုပ်ပြီး ကျောင်းသားတစ်ယောက်ရှေ့မှာ မကောင်းတဲ့ရှေ့ဆောင်လမ်းပြ ဖြစ်သွားရတာတုန်း?

သူ လမ်းကြားထဲကထွက်ဖို့လုပ်နေတုန်းမှာပဲ, သူ့လက်မောင်းကို ရုတ်တရက်ဆွဲလှည့်ခံလိုက်ရပြီး သူ့ခေါင်းပေါ်ကနေ ကောင်လေးရဲ့အသံကိုကြားလိုက်ရတယ်: "ကျွန်တော်ကြားဖူးတာတော့ လိင်ဆက်ဆံတာက လူတွေကို ပိုပြီးခံစားလို့ကောင်းအောင်လုပ်ပေးနိုင်တယ်တဲ့"

ကျီယန်လှည့်ကြည့်လိုက်တော့ လုယိချန်ရဲ့ ကြည်လင်ပြီး တည်ကြည်နေတဲ့ မျက်လုံးတွေနဲ့ဆုံမိသွားသည်။

"ယန်ကောက ကျွန်တော့်ကိုသင်ပေးနိုင်မလား?"

ကျီယန် နည်းနည်းဆွံ့အသွားတယ်။ သူဘာပြောလိုက်တာ? ကောင်လေးရေ, မင်းကတော့ မီးနဲ့ကစားချင်နေတာပဲကွ! သူ့ရဲ့ဖြူစင်မှုကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာ အသိသာကြီးပဲလေ။

Warm Water (MM Translation) Completed Où les histoires vivent. Découvrez maintenant