အခန်း ၁၀။ မွေးနေ့ပွဲဆင်နွှဲခြင်း

875 128 4
                                    

[Unicode]
အခန်း ၁၀။ မွေးနေ့ပွဲဆင်နွှဲခြင်း

လုယိချန်က ပွတ်သီးပွတ်သတ်လုပ်နေတာကြောင့် ကျီယန် နိုးလာခဲ့သည်။

သူ့မျက်လုံးတွေကိုဖွင့်လိုက်တာနဲ့, လုယိချန်ရဲ့ မျက်နှာကို အကြီးကြီးမြင်လိုက်ရသည်။ ကျီယန်က သမ်းဝေလိုက်ပြီး လုယိချန်ရဲ့ မျက်နှာကို လှမ်းဖျစ်ဖို့ လုပ်လိုက်သည်။

"ပြဿနာမရှာစမ်းနဲ့..." အိပ်ချင်မပြေသေးတာကြောင့်ခပ်အက်အက်အသံနဲ့ပြောလာခဲ့သည်။

လုယိချန်က ကျီယန်ရဲ့ မေးစေ့ကိုညှစ်ပြီး သူ့နှုတ်တွေကို ပိတ်ပစ်လိုက်သည်။ နှုတ်ခမ်းတွေ လျှာတွေ အချင်းချင်းလိမ်ယှက်နေခဲ့ပြီး ကျီယန် အသက်ရှူရပ်မလိုတောင် ဖြစ်သွားခဲ့သည်။

"ယန်ကော ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ?" လုယိချန်ရဲ့ အသံက အရမ်းတက်ကြွပြီး ပျော်ရွှင်နေပုံပေါ်သည်။

"မင်းကို အံ့သြစေချင်လို့လေ, မင်းပျော်ရဲ့လား?" ကျီယန် သူ့လက်မောင်းတွေကို လုယိချန်ရဲ့ လည်ပင်းမှာ ချိတ်ထားရင်း နားနားကိုတိုးတိုးလေး ကပ်ပြောလိုက်သည်။

"အရမ်းပျော်တယ်" လုယိချန် သူ့ချစ်သူကို တင်းတင်းကြပ်ကြပ်ဖက်ပြီး ထပ်နမ်းလာပြန်သည်။

အဖိခံထားရတာကြောင့်, လုယိချန်ရဲ့ ခန္ဓာကိုယ်က ပိုပိုပြီး လှုပ်ရှားလာကြောင်းကို ကျီယန် ခံစားမိလာသည်။ လက်တွေက သူ့ခန္ဓာကိုယ်အနှံ့ကို ထိတွေ့ပြီး ပွ စမ်းကြည့်နေတာ, အိမ်ရဲ့အငွေ့အသက်ရအောင် ရည်ရွယ်နေသလိုပဲ။

"ယန်ကော... " လုယိချန်က ကျီယန်ရဲ့ အဝတ်အစားတွေကို ချွတ်ရင်းပြောလာခဲ့သည်။

"ဟင်?"

"ကျွန်တော် လွမ်းနေခဲ့တာ"

လုယိချန်က ကျီယန်ရဲ့ နားသီးကို တတိတိကိုက်နေခဲ့တယ်။

"ကိုယ်သိပါတယ်" ကျီယန် မျက်လုံးတွေကို မှိတ်လိုက်ပြီး လုယိချန်ရဲ့ လက်ကိုကိုင်ထားလိုက်သည်။

"ယန်ကော..." လုယိချန်ရဲ့ အသံက အနည်းငယ် ကွဲအက်နေခဲ့သည်။

"အင်း"

Warm Water (MM Translation) Completed Where stories live. Discover now