အခန်း ၄ အဆက်

960 155 2
                                    

[Unicode]
အခန်း ၄ အဆက်

လုယိချန်လည်း အပိုတွေထပ်ပြောမနေတော့ဘဲ လုပ်အားခကိုသိမ်းယူကာ ဇွန်းတစ်ချောင်းနှင့် ထမင်းကြော်တစ်ဇွန်းစစားလိုက်တော့သည်။

တစ်လုတ်စားပြီးသည်နှင့် ချက်ချင်းဆိုသလို နောက်ထပ်တစ်လုတ်... နောက်ထပ်တစ်လုတ်ဖြင့် တစ်ပန်းကန်လုံးကုန်အောင် ဆက်တိုက်စားပစ်လိုက်သည်။

"မင်းကြိုက်ရဲ့လား?" ကျီယန် စားပွဲပေါ်တွင် မေးလေးထောက်ကာ ပြုံးရင်းမေးလိုက်သည်။

"အရမ်းအရသာရှိတယ်၊ ဘော့စ်။ ဒါဆို ကျွန်တော်သွားတော့မယ်နော်။" လုယိချန်ပြောပြီးသည်နှင့် အမြန်ပြေးထွက်သွားတော့သည်။

ကျီယန်မှာတော့ သူ့နောက်ကျောပြင်ကို ကြည့်ရင်း သက်ပြင်းအသာချကာ ကျန်ရစ်ခဲ့လေသည်။ ဒီကလေး တကယ်ကို သွက်လက်တက်ကြွနေတာပဲ!

ထိုညတွင် လုယိချန် အလုပ်ရှုပ်နေခဲ့ကာ အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးကောင်လေး၂ယောက်က ဆိုင်တံခါးဝတွင် သူ့ကို စောင့်နေကြလေသည်။

"လုယိချန်! မြန်မြန်လုပ်! ဒီနေ့ ကျီနျန်ရဲ့မွေးနေ့လေ!"

"ရပါတယ်၊ သူ့ကိုအရမ်းမလောနေပါနဲ့။"

သေချာပေါက် သူတို့အသံတွေကို ကျီယန်လည်း ကြားရလေသည်။

အော်ကြီးဟစ်ကျယ်ပြောနေသည့်ကောင်လေးမှာ လတ်တလော ရေပန်းစားနေသည့် ဂျင်းရှပ်အတိုတစ်ထည်ကို ဝတ်ဆင်ထားသည်။

နောက်ထပ်ကောင်လေးတစ်ယောက်သည်တော့ ကျောင်းဝတ်စုံကိုသာ ဝတ်ဆင်ထားလေသည်။ ထိုလူငယ်လေး၏မျက်နှာသည် ပန်းသွေးရောင်သန်းကာ တောက်ပနေပြီး ညင်ညင်သာသာပြုံးလိုက်သည့် အပြုံးတစ်ပွင့်ကပင် သူဘယ်လောက်နူးညံ့ညင်သာသည့်လူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသလို။

ခေတ်မှီသည့်ကောင်လေးက ပြန်ပြောလာသည်။ "ညီအစ်ကို၊ ဒါက မင်းမွေးနေ့လေ။ မင်းအလျင်မလိုဘူးဆိုရင်တောင် ငါကတော့ မရဘူး။"

ထို့နောက် နူးညံ့သည့်ကောင်လေးက ပြောလာပြန်သည်။ "ငါ ဘာမှမဖြစ်ပါဘူး၊ စောင့်လို့ရပါတယ်။"

Warm Water (MM Translation) Completed Where stories live. Discover now