အခန်း ၉။ မင်းကိုလွမ်းတယ်

879 136 0
                                    

[Unicode]
အခန်း ၉။ မင်းကိုလွမ်းတယ်

ဒီနေ့မနက်မှာတော့, နေရောင်ကအလွန်တောက်ပနေပြီး တိမ်ဆိုင်တွေက တလိမ့်လိမ့်ရွေးလျားနေခဲ့သည်။

ကျီယန်နိုးပြီး မကြာမီမှာပဲ, လုယိချန်က ဖုန်းခေါ်လာခဲ့သည်။

"ယန်ကော, ကျွန်တော် ကျောင်းက စက်ဒီဇိုင်းဆွဲတာမှာ ဆုရခဲ့တယ်"

ဟုတ်သည်, လုယိချန်က အမှန်အကန်ကို အင်ဂျင်နီယာတစ်ယောက်ဖြစ်လာခဲ့ပြီ။ ဒါကြောင့် သူ့ရဲ့ တစ်ဖက်ပိတ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်ကို ဖွင့်ထုတ်ဖို့ခက်ခဲတဲ့ အချိန်တွေရှိလာသည်။

ဖုန်းထဲကနေ အဲ့လိုပျော်ရွှင်နေတဲ့အသံလေးကိုနားထောင်ရင်း, Hunanကို ဆယ်နာရီထွက်မယ့် လက်မှတ်ကို အံဆွဲထဲကနေထုတ်ပြီး သူ့အိတ်ကို သယ်ရင်း ကျီယန်တစ်ယောက် တံခါးဆီကို ဦးတည်ထွက်လာခဲ့သည်။

"ကောင်းတာပေါ့, ဆုအနေနဲ့ဘာပေးလဲ?"

"ယွမ် ၅၀၀၀! ကျွန်တော် နောက်တစ်ပတ်ပြန်လာရင် ညစာဝယ်ကျွေးမှာ စောင့်နေလိုက်တော့။ မဟုတ်လဲ ယန်ကော ဝယ်ချင်တာတစ်ခုခုရှိလား? ကျွန်တော် ဝယ်ပေးမယ်လေ"

"ကိုယ့်စိတ်ထဲလိုချင်နေတာမရှိပါဘူး။ မင်းအရသာရှိတဲ့ ညစာဝယ်ကျွေးမှာကိုပဲ စောင့်နေတော့မယ်"

ဖုန်းကို ပုခုံးနဲ့ မျက်နှာကြားမှာညှပ်ပြောဖို့ ကျီယန်ခေါင်းစောင်းလိုက်သည်; သူက စင်္ကြန်မှာ အိမ်ရဲ့တံခါးမကြီးကို သော့ခတ်နေခြင်းဖြစ်သည်။

"မင်းအခု ဘာလုပ်နေတာလဲ?"

"ကျွန်တော် စာသင်ခန်းထဲမှာ, ဒီနေ့အတန်းက အဆင်ပြေပါတယ်, ဒါပေမယ့် အတော်လေး ဝန်ပိတယ်။ စက်ရုပ်ဒီဇိုင်း ပြိုင်ပွဲနဲ့တင် ပင်ပန်းလွန်းလို့ တစ်နေကုန် ဘာမှမလုပ်ချင်တော့ဘူး"

"ဟမ်?" ကျီယန်တံခါး သော့ပိတ်ပြီးတော့ အန္တရာယ်ကင်းအောင် နှစ်ခါလောက် ဆွဲကြည့်လိုက်သည်, ပြီးတာနဲ့ ဖုန်းကိုကိုင်လိုက်ပြီး အောက်ကိုဆင်းသွားခဲ့သည်။

"မင်းအဲ့လောက် ပင်ပန်းနေရင်, ဘာလို့ငါ့ကိုမပြောခဲ့တာလဲ?"

ပြိုင်ပွဲတစ်လျှောက်လုံး လုယိချန်ဘယ်လောက် ပင်ပန်းနေခဲ့မှန်း ကျီယန်မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ လုယိချန်က တစ်ခါမှ သူ့ကိုမပြောပြဖူးလို့ပဲဖြစ်သည်။

Warm Water (MM Translation) Completed Where stories live. Discover now