Chapter 2

952 148 3
                                    

[Unicode]
အခန်း ၂ တစ်ယောက်တည်းချစ်နေရုံနဲ့မလုံလောက်ဘူး

နောက်တစ်နေ့,နေ့လည်တွင်တော့ ပစ္စည်းပို့သမားလေးက ကျီယန်၏စားသောက်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။

ကျီယန်အနေနှင့် အမှန်ကိုပဲ လုယိချန် သူ့အတွက်ဝယ်ပေးသည့် ဖိနပ်တစ်ရံကို ရရှိခဲ့သည်။

သူ ဖိနပ်ကိုထုတ်လိုက်ပြီး မှန်ရှေ့တွင် စီးကြည့်လိုက်ကာ ဒီကလေး နည်းနည်းတော့ အထင်ကြီးစရာကောင်းသားဟု တွေးမိသွားသည်။

ကျီယန် စိတ်အခြေအနေကောင်းနေတာနဲ့ပဲ လုယိချန်ထံ ဖုန်းဆက်လိုက်သည်။ ဒီကလေး သူ့အတွက် ဖိနပ်ဝယ်လာပေးတယ်ဆိုမှတော့ သူ့ဘက်က ပြန်ပြီး နူးနူးညံ့ညံ့ဆက်ဆံသင့်သည်ဟု တွေးမိလိုက်ခြင်းပင်။

ပြောရရင် သူကိုယ်တိုင်ကသာ ထိုကလေးကို အလိုလိုက်ဖျက်ဆီးထားခြင်းဖြစ်တာကြောင့် သူ့ဘက်က တာဝန်သိသိနှင့် လိုက်လျောညီထွေဖြစ်အောင် အလျှော့ပေးသင့်တာပေါ့။

သို့ပေမယ့် အတော်ကြာဖုန်းခေါ်ကြည့်ပြီးတာတောင်မှ လုယိချန်က ဖုန်းမကိုင်လာသေးပေ။ ကျီယန် ခဏလောက်တွေးကြည့်လိုက်ပြီးနောက် သူ့ဆိုင်ကို နည်းနည်းစောပိတ်ကာ လုယိချန်၏ကျောင်းသို့ လိုက်သွားပြီး နေ့လည်စာယူသွားပေးဖို့ ဆုံးဖြတ်လိုက်သည်။

ယနေ့သည် တက္ကသိုလ်ဝန်းအတွင်း ပူလောင်သည့်နေ့တစ်နေ့ပင်။

နေ့လည်စာနားချိန်လည်းဖြစ်တာကြောင့် တက္ကသိုလ်ပရဝုဏ်ကြီးထဲတွင် လူငယ်ကောင်လေး ကောင်မလေးများစွာ သူ့အတွဲနှင့်သူလျှောက်လှမ်းနေကြသည်။

ဒီမနက် လုယိချန် မသွားခင်တုန်းက သူမပြီးသေးသည့်ဘာသာကို ကျောင်းတွင်လုပ်ရဦးမည်ဖြစ်၍ နောက်ကျနိုင်တာကြောင့် စောင့်မနေဖို့ မှာသွားခဲ့သည်။

ကျီယန်ကလည်း သူ့ကိုစောင့်နေဖို့စိတ်ကူးမရှိပါဘဲ လမ်းကြုံနေ့လည်စာဘူးလေး ဝင်ပေးချင်ရုံသာဖြစ်သည်။

ဘာလို့စောင့်နေဦးမှာလဲ?

သူ တက္ကသိုလ်ဝန်းအတွင်း ဝင်ပြီးသိပ်မကြာလိုက်ခင်မှာပဲ များပြားလှသည့် ယောက်ျား မိန်းမတို့ကြား ထူးထူးခြားခြားဆွဲဆောင်မှုရှိသည့် သဏ္ဌန်သုံးရိပ်ကို တွေ့လိုက်ရသည်။

Warm Water (MM Translation) Completed Where stories live. Discover now