အခန်း ၇။ အငိုသန်တဲ့ ကလေး

954 144 3
                                    

[Unicode]
အခန်း ၇။ အငိုသန်တဲ့ ကလေး

အဲ့ဒီည ဆယ်တစ်နာရီလောက်မှာ, ကျီယန်လေယာဉ်ပေါ်က ဆင်းလာခဲ့သည်။

သူအိမ်ရောက်တော့ အိမ်ကတိတ်ဆိတ်ပြီး မှောင်မဲနေခဲ့သည်။

ကျီယန်ငုံ့ပြီး မီးတွေလိုက်ဖွင့်တယ်။ ညစာစားပွဲပေါ်က အငွေ့ထနေဆဲ ရေနွေးခွက်က သူ့အဖေခုနမှ အိပ်သွားကြောင်းကို ဖော်ပြနေသည်။

သူ့ကျောပိုးအိတ်ကို ချထားခဲ့လိုက်ပြီး သူ့အဖေရဲ့အိပ်ခန်းဆီကို ဦးတည်သွားပြီး ဝင်ကြည့်ခဲ့သည်။ အိပ်ပျော်နေတဲ့ သူ့အဖေကိုကြည့်ပြီး ရုတ်တရက်ငိုချင်လာခဲ့သည်။

သူအိမ်ကို ပြန်မလာတာ အတော်ကြာခဲ့ပြီ။

ကျီယန်သူ့ရဲ့ ငိုချင်နေတဲ့ မျက်လုံးတွေကို ပွတ်လိုက်ပြီး သူ့အိပ်ခန်းဆီပြန်သွားခဲ့သည်။ သူဒီအခန်းထဲမှာ မနေတာ နှစ်အနည်းငယ်ကြာနေတာတောင်မှ အခန်းကသန့်ရှင်းနေဆဲပဲ။

ကျီယန် သူ့အဝတ်တွေကို ချွတ်လိုက်ပြီး ကုတင်ပေါ်လဲချလိုက်သည်; ဒီမှာရှိတဲ့ အရာအားလုံးနဲ့ ရင်းနှီးနေတယ်လို့ ခံစားမိနေသည်။

ဒါပေမယ့် မမျှော်လင့်စွာဘဲ သူအိပ်မပျော်ခဲ့ဘူး။

နောက်ဆုံးတော့ သူနည်းနည်းငိုချလိုက်မှ ပင်ပန်းပြီး အိပ်ပျော်သွားတယ်။

မနက်လေးနာရီလောက်မှာ ဖုန်းသံကြောင့် ကျီယန်နိုးလာခဲ့သည်။

အိပ်ချင်မူးတူးဖြစ်နေတာကြောင့် ရှတတအသံဖြင့် ပြန်ဖြေလိုက်သည်: "ဟယ်လို?"

"ယန်ကော"

ကျီယန် ချက်ချင်းပဲနိုးကြားသွားသည်။

"ဘာကိစ္စရှိလို့လဲ?"

"အစ်ကို...အိမ်မှာလား?"

"အင်း"

"ကျွန်တော်..." တစ်ဖက်လူက တွန့်ဆုတ်တွန့်ဆုတ်နဲ့ မေးလာသည်: "ကျွန်တော် အစ်ကို့ဆီလာတွေလို့ရလား?"

ကျီယန် ချက်ချင်းပဲ ငြင်းဆန်လိုက်တယ်: "မရဘူး, မလာနဲ့။ မင်းငါ့ကို ဘယ်မှာရှာရမှန်းလဲ သိမှာမဟုတ်ဘူး။"

"ယန်...ယန်ကော, ကျွန်တော်မှားသွားပါတယ်။" လုယိချန်ရဲ့ အသံက လုံးဝကြေကွဲနေပုံပေါ်သည်။

Warm Water (MM Translation) Completed Where stories live. Discover now