အခန်း ၈။ အဲ့တာက မချိုးဖျက်နိုင်တဲ့အရာဖြစ်လာခဲ့တယ်

908 135 0
                                    

[Unicode]
အခန်း ၈။ အဲ့တာက မချိုးဖျက်နိုင်တဲ့အရာဖြစ်လာခဲ့တယ်

ထိုညမှာ, ကျီယန်ရဲ့ ပြင်ဆင်လို့မပြီးသေးတဲ့ အိမ်အသစ်ကြီးမှာ, လုယိချန်က ကျီယန်ကို တစ်ခေါက်ပြီးတစ်ခေါက်နဲ့ လုံးဝလွှတ်မပေးတော့ပေ။

ကျီယန် ပင့်သက်ရှိုက်မိသွားတယ်, သူ့ခါးက ကျိုးတော့မလိုပဲ။

သေချာတာပေါ့, လူငယ်တစ်ယောက်ရဲ့ သက်လုံအားကို မင်းတို့ လျှော့မတွက်သင့်ဘူး။

သူတို့နှစ်ယောက် ကုတင်ပေါ်မှာ ဘယ်လောက်ကြာကြာ လူးလွန့်နေခဲ့ကြမှန်းတောင် မမှတ်မိတော့ပေ။

တိတ်ဆိတ်နေတဲ့ ညအချိန်မှာ, အလွန်ပင်ပန်းနေတဲ့ ကျီယန်တစ်ယောက် နောက်ဆုံးတော့ အိပ်လို့ရသွားပါတော့တယ်။

လုယိချန် သူ့လက်မောင်းတွေကြားမှာ ရှိနေတဲ့ လူကိုကြည့်လိုက်တယ်, နှုတ်ခမ်းကို ဖွဖွလေးနမ်းရင်း တိုးတိုးလေးပြောခဲ့တယ်: "ယုံကြည်ပေးပါ; အစ်ကိုဂုဏ်ယူရတဲ့ လူတစ်ယောက်အဖြစ်ကြီးပြင်လာပါ့မယ်။"

နောက်တစ်နေ့ နေ့လည်မှာ, လုယိချန် နို့လက်ဖက်ရည် သွားဝယ်တာကို အခွင့်ကောင်းယူပြီး ကျီယန် တစ်ယောက် သူ့ရဲ့ ငတုံးဝမ်းကွဲဆီ ဖုန်းဆက်လိုက်တယ်။

တစ်ဖက်က ဖုန်းကိုင်လိုက်တာနဲ့ ကျီယန်တစ်ယောက် စိတ်မရှည်စွာပဲ လက်ချာစပေးတော့တယ်: "မင်း ကလေးတစ်ယောက်ဆီကနေ ပိုက်ဆံလိမ်ယူရဲတယ်။ မင်းသူ့ဆီက ၁၀၀၀ ယူထားတာ အားမနာဘူးလား?

"ဝမ်းကွဲရေ, မင်းတစ်ယောက်ပဲ သူ့ကို ကလေးလိုဆက်ဆံနေတာလေ" တစ်ဖက်လူက ခပ်လေးလေးအသံနဲ့ ပြန်ဖြေလာခဲ့သည်။

ဆိုဖာပေါ် လှဲနေတဲ့ ကျီယန်က သူ့ပုံစံကို ညှိဖို့ တစ်ဖက်ကို လှည့်ချရင်း ဆက်ပြောလာသည်: "ငါဂရုမစိုက်ဘူး; မင်းသူ့ကို ချက်ချင်း ပိုက်ဆံပြန်လွှဲပေးလိုက်။ မင်းတို့နှစ်ယောက် နောက်ပိုင်းအများကြီးဆုံရမှာ။ အဲ့တော့မှ သူမကျေနပ်တာတွေ ထုတ်ပြနေရင် ငါမကူနိုင်ဘူးနော်။"

တစ်ဖက်လူရဲ့ လေသံက ချက်ချင်းတည်သွားတယ်: "သူက မင်းရဲ့တစ်ယောက်သောသူဆိုတာ သေချာပြီလား? မင်းခံစားချက်တွေ မပြောင်းတော့ဘူးပေါ့?"

Warm Water (MM Translation) Completed Where stories live. Discover now