အခန်း ၄ မဟုတ်ပါဘူး မင်းနေမကောင်းတာမဟုတ်ဘူး

1K 152 3
                                    

[Unicode]
အခန်း ၄ မဟုတ်ပါဘူး မင်းနေမကောင်းတာမဟုတ်ဘူး (ပ)

ထိုစကားကိုပြောပြီးသည်နှင့် ကျီယန် တစ်ချက်လေးတောင်မှ လုယိချန်ကို ပြန်လှည့်မကြည့်တော့ပေ။ ထိုအစား တက္ကစီတစ်စီးအမြန်ငှားကာ ဝင်ရောက်ထွက်ခွာသွားခဲ့သည်။

တကယ်တမ်း သူ လုယိချန်၏မျက်နှာကို မကြည့်ချင်တော့လောက်အောင် ခံစားမိနေတာကြောင့် မဟုတ်ဘဲ မကြည့်ရဲရုံသာဖြစ်သည်။

သူ့မှာ ပြန်လှည့်ကြည့်ဖို့အတွက် သတ္တိမရှိရုံသာ။

သူ ၃နှစ်တာမျှချစ်မြတ်နိုးခဲ့ရသည့်ယောကျ်ား၏ နာကျင်ကြောက်ရွံ့နေသည့်အမူအရာမျိုး ဒါမှမဟုတ် သူ့စိတ်ကူးနဲ့ ဆန့်ကျင်စွာပဲ ဘာမှမခံစားရသလိုဖြစ်နေမည့် အမူအရာမျိုးကို ပြန်လှည့်မကြည့်နိုင်ခဲ့ပေ။

လုယိချန် သူ့ကို တကယ်ရော ချစ်ခဲ့ပါရဲ့လား?

ကျီယန်ကိုယ်တိုင်လည်း အာမခံချက်ရှိရှိ မပြောနိုင်ပေ။

တက္ကစီက တဖြည်းဖြည်းချင်း အဝေးသို့ မောင်းနှင်ထွက်ခွာသွားခဲ့သည်။ ကျီယန်သည်လည်း လုယိချန်ကို ပြန်လှည့်မကြည့်မိအောင် မထိန်းထားနိုင်တော့ပေ။

ကားနောက်မှန်ကနေပြီး သူနှင့် တဖြည်းဖြည်းဝေးကွာသွားနေသည့် ချစ်ရသူသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရပ်တန့်နေခဲ့သည်မှာ လေပြင်းကြားတွင် မယိုင်မလဲခိုင်မြဲနေသည့် အလံတိုင်တစ်ခုနှယ်။

လုယိချန်၏မျက်နှာအမူအရာကို သူရှင်းရှင်းလင်းလင်း မတွေ့နိုင်သော်လည်း ထိုပိန်ပါးလှသည့် ပုံသဏ္ဌာန်လေးကို ဆက်မကြည့်မိဘဲ မနေနိုင်ခဲ့ပေ။ နောက်ဆုံး သူ့မြင်ကွင်းထဲမှနေ ဝေဝါးပျောက်ကွယ်သွားသည့်အချိန်အတွက် ဆက်တိုက်ကြည့်နေခဲ့မိသည်။

နောက်ဆုံးမှာတော့ ကျီယန်ထိန်းချုပ်ထားခဲ့သည့် မျက်ရည်တို့ ပြိုဆင်းကျလာခဲ့တော့သည်။ သူ့ကိုယ်သူ သူ့လက်မောင်းများဖြင့် တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ မျက်ရည်များကို ပွတ်တိုက်သုတ်ပစ်လိုက်သည်။

ဒီကမ္ဘာပေါ်မှာ ချစ်သူစုံတွဲတွေ လမ်းခွဲပြတ်စဲကြရသည့် အကြောင်းအရင်းပေါင်းများစွာရှိသည်။ ထိုထဲမှ အကြောင်းအရင်းအများစုမှာ တစ်ယောက်ကိုတစ်ယောက် မုန်းတီးသွားကြ၍မဟုတ်ဘဲ သူတို့ကြားမှာ အချစ်ဆိုသည့်အရာ ဆက်လက်မတည်ရှိနိုင်တော့ခြင်းကြောင့်ဖြစ်သည်။

Warm Water (MM Translation) Completed Where stories live. Discover now