အခန်း ၄ (ဒု)

938 153 1
                                    

[Unicode]
အခန်း ၄ (ဒု)

သူဆိုင်စဖွင့်လိုက်သည်နှင့် အထက်တန်းကျောင်းသားများအပါအဝင် လူကြီးလူရွယ်များစွာ တသွင်သွင်ရောက်ရှိလာတော့သည်။

ကျီယန်သည် အချိုပွဲပြုလုပ်ရာတွင် အတော်လေးဇီဇာကြောင်သူဖြစ်ကာ အကောင်းဆုံးသောပါဝင်ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုလေ့ရှိပြီး အသစ်သစ်သောပြုလုပ်နည်းများကို ပြီးပြည့်စုံသည့်အဆင့်သို့ရောက်အောင် မွမ်းမံနေလေ့ရှိသည်။ ဒါကြောင့်ပဲ လူကြိုက်အရမ်းများသည့် အချိုပွဲများသည် ဈေးလည်းမြင့်ကြလေသည်။

နွေဦးရာသီအဆုံးမှာတော့ ကျီယန်၏ဆိုင်လေးတွင် သောက်စရာအအေးများကိုပါ ထည့်သွင်းလာခဲ့သည်။

ငယ်ရွယ်တက်ကြွသည့်မိန်းကလေးငယ်လေးများသည် သူတို့ချင်းသာနားလည်နိုင်ကြသည့် စိုးရိမ်ပူပန်စရာများ ပြဿနာများကို ဆိုင်တွင် အအေးလေးသောက်ရင်း ပြောလာကြသည်။

သူတို့ပြောဆိုသမျှထဲတွင် ရံဖန်ရံခါအကြားများသည့်နာမည်ကတော့ 'လုယိချန်'ဆိုသည့် ကောင်လေးတစ်ယောက်၏နာမည်ပင်။

အမှတ်၁အထက်တန်းကျောင်း၊ မြို့နယ်စာမေးပွဲတွင် အဆင့်တစ်ရကာ အတန်းတူများကြားတွင် ဉာဏ်ကြီးရှင်ဟုသတ်မှတ်ကြသည့် ကောင်လေးအကြောင်းပင်။

ရာသီဥတု ပူလာသည်နှင့်အမျှ ကျီယန်၏ဆိုင်လေးတွင် အပူရှောင်ယင်း အအေးလာသောက်သည့် ကျောင်းသားများမှာလည်း ပိုလို့များလာခဲ့သည်။ ကျီယန်လည်း တဖြည်းဖြည်းအလုပ်ပိုရှုပ်လာကာ သူ့ကို ဝိုင်းဝန်းကူညီဖို့ရန် အချိန်ပိုင်းဝန်ထမ်းတစ်ယောက်ငှားဖို့ လိုလာခဲ့သည်။

ထိုနေ့ညနေခင်းမှာပဲ ကျီယန် ဆိုင်ပိတ်နေချိန် သူ့နောက်ကျောဘက်ကနေပြီး နားထောင်လို့ကောင်းလှသည့် အသံတစ်သံက ရုတ်တရတ် ထွက်ပေါ်လာခဲ့သည်။ "အချိန်ပိုင်းဝန်ထမ်းလိုသေးလား?"

ကျီယန် ဆိုင်ပိတ်နေရာမှရပ်သွားကာ သူ့နောက်မှ လူကိုလှည့်ကြည့်လိုက်သည်။

အရပ်ရှည်ကာချောမောပြီး ကလေးဆန်သည့်မျက်နှာလေးနှင့် ကောင်လေးတစ်ယောက် သူ့ရှေ့တွင်ရှိနေလေသည်။ ထိုကောင်လေးစကားပြောလိုက်ချိန်တွင် သူ၏ရှေ့ကျားသွားလေးနှစ်ချောင်းကိုပင် မြင်နေရကာ သူ့ကိုချစ်ဖို့ကောင်းအောင် ထောက်ပံ့ပေးလိုက်သလိုပင်။

Warm Water (MM Translation) Completed Where stories live. Discover now