Part60(uni+zawgyi)

2K 79 7
                                    

Uni

ဆေးရုံတစ်ရုံလုံးနှံ့နေအောင်ရှာပေမယ့် မတွေ့တာကြောင့် နောက်ဆုံးလက်လျော့ပြီးအိမ်ပြန်လာခဲ့ချိန်

အိမ်ရှေ့မှာ ခန့်ထယ်ဝါကိုတွေ့တာကြောင့်

"ခွပ် "

အားကုန်ပြေးထိုးလိုက်တာကြောင့် တစ်ဖတ်ကိုယိုင်သွားတဲ့ ခန့်ကို ကြီးမြလှမ်းထိန်းလိုက်နိုင်ပေမယ့် ထပ်ထိုးဖို့လုပ်နေတဲ့

စနေသွေးကို ခန့်ကတလှည့် ထိုးဖို့လုပ်နေတာကြောင့်

"အော် ထိုးမလို့ပေါ့ လုပ် လုပ်လိုက်လေ
ခင်ဗျားက လူယုတ်မာပဲ လုပ်ပေါ့

ကိုယ့်တာဝန်ကိုယ်မယူနိုင်ပဲ ဘာလို့ နက်ကို ဖျက်စီးပြစ်ရတာလဲ "

"ငါ ငါက နက်ကိုဖျက်စီးပြစ်တာ မဟုတ်ပါဘူး မြတ်နိုးလွန်းလို့ သိပ်ချစ်လွန်းလို့ သူစိတ်ချမ်းသာသလိုထားမိတာ~"

"ဘာမှ ဆက်ပြောမနေနဲ့ ခင်ဗျားကြီးကြောင့် ကျုပ်သူငယ်ချင်းခင်ဗျာ ဘယ်လောက်အလူးအလဲ စိတ်ဒုက္ခရောက်ခဲ့ရလဲသိရဲ့လား "

"သားရယ် နက်လေးခုဘယ်မှလဲ နက်လေးကို ကြီးမြတို့လာခေါ်တာပါ ခန့်လည်း အဖြစ်မှန်တွေကိုသိပြီမို့ အားလုံးအဆင်ပြေသွားမှာပါ"

"ဘာကို အဆင်ပြေမှာလဲ ဘာတွေက နက်ကိုအဆင်ပြေအောင်လုပ်ပေးမှာလဲ ခုနက်မရှိတော့ဘူးဗျ နက်ကိုရှာလို့မတွေ့တော့ဘူး"

"ဘာ"

............
စိတ်တွေအားလုံးစုစည်းပြီး သေချာစဉ်းစားတာတောင် ဘယ်လိုမှ အသက်မရှင်ချင်တော့

လူရယ်လို့ဖြစ်လာတည်းက အားလုံးရှုံးနေတာ

လူမှန်းသိတတ်စအရွယ်မှာ ခဏလောက်ပျော်ခဲ့ရပေမယ့် ဒါကလည်း ခဏတာပဲ

မနေပျော်လို့ သတ်သေဖို့ကျတော့လည်း ဗိုက်ထဲမှာ ကလေးလေးရှိနေပြီ

မိမိကဘာဝကို လက်လျော့လိုက်ပြီးသေချင်နေရင်တောင်မှ

အထဲက ကလေးကလူတောင်မဖြစ်သေး
ဒါဆို ကိုကို့ဆီပြန်သွားရမလား

ဟင့်အင်း မဖြစ်သေးဘူး ကိုကို့မှာ သူချစ်တဲ့မိန်းမနဲ့ကလေးရှိတယ် ဆေးရုံကနေထွက်လာပြီး လမ်းလျောက်လာတာ နေပူနေလား မိုးရွာနေလားလည်းမသိ

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now