Prologue

10.1K 397 54
                                    

(Unicode)

A Kingdom က ဘုရင်မင်းမြတ်ရဲ့ တစ်ဦးတည်းသောသားရှောင်းကျန့်မှာ ရှားပါး Enigma တစ်ယောက်ဖြစ်ပြီး ယခုအချိန်အထိ mate မရှိသေးတဲ့ လူပျိုလူလွတ်တစ်ယောက်ပဲဖြစ်သည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့သူ့ကို မိဘတွေက အရွယ်မလွန်ခင် mate ရှာပြီး အိမ်ထောင်ပြုပြီး ထီးနန်းအရိုက်အရာကို ဆက်ခံဖို့ အမြဲတွန်းအားပေးလေ့ရှိသည်။

အိမ်နီးချင်း နိုင်ငံများမှ မင်းသား မင်းသမီးများ ၊ စီးပွားရေးလုပ်ငန်းရှင် လူကုံထံတို့၏ သားသမီးများ ၊ နိုင်ငံတွင်းမှ ထင်ပေါ်ကျော်ကြားတဲ့ သရုပ်ဆောင်များ ၊ နိုင်ငံဂုဏ်ဆောင်များ ၊ တော်ဝင်မိသားစုရဲ့ အဆွေအမျ်ိုးများ စသဖြင့် ကြင်ယာတော်ရွေးဖို့အတွက် ရှောင်းကျန့်နှင့် blind date စီစဥ်ပေးကြသည်။

ငါးနှစ်အတွင်း ရှောင်းကျန့်က 84 ယောက်သော Alpha, Beta, Omega တို့နဲ့ blind date လုပ်ဖူးပေမယ့် သူကိုဆွဲဆောင်နိုင်တဲ့သူဟူ၍ မတွေ့သေးပေ။ သဘောကျလောက်စရာ တစ်ယောက်မှမရှိသေး။

85 ယောက်မြောက် blind date မလုပ်ရသေးခင် ရှောင်းကျန့်က သူ့မိဘတွေကိုတောင်းဆိုလိုက်သည်။

သူကိုယ်တိုင်ပဲ သူ့အိမ်ထောင်ဖက်ရှာပြီး ထီးနန်းဆက်ခံပါမည်ဟူ၍ပင်။

ဒါပေမယ့် ဒီတစ်ခေါက်မှ ကြင်ယာတော်ရှာမတွေ့ရင် ရှောင်းကျန့်က ဖခမည်းတော် အမိန့်အတိုင်း နေရာချထားပေးတဲ့သူနဲ့သာ လက်ဆက်ရမည်ဟု တစ်သွေးတစ်သံ တစ်မိန့်ချထားခြင်းခံရ၏။

ရှောင်းကျန့်က ဘုရင်နဲ့ မိဖုရားကို ကတိတွေအထပ်ထပ်ပေးပြီးနောက် ကြင်ယာတော်ရှာဖို့ နန်းတော်ထဲကနေ အပြင်လောကကိုထွက်လာလိုက်၏။

ရှောင်းကျန့်က Enigma ဖြစ်လင့်ကစား Alpha တွေထက် Omega ကိုပိုနှစ်သက်သည်။

ရှောင်းကျန့်က တော်ဝင်မင်းသားတစ်ယောက်နဲ့ဖြစ်တာနဲ့အညီ စိတ်ကူးထဲက မိတ်ဖက်တစ်ယောက်ရှိသင့်တဲ့ စံချိန်စံညွှန်းက ကြီးမားသည်။

ဒါပေမယ့် ဘယ်လိုထင်ထားမှာလဲ။ သူသတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ တစ်ခုမှမကိုက်ညီတဲ့ Omega တစ်ယောက်နဲ့ ဖူးစာဆုံရလိမ့်မယ်လို့။

Making A LoverWhere stories live. Discover now