Ep - 18

3.4K 367 98
                                    

(Unicode)

ရိပေါ်မှာ တစ်ကိုယ်လုံးနာနေသည့်အပြင် " ကြင်ယာတော်လေး အိပ်ယာထရမယ့်အချိန်ရောက်ပါပြီ " ဆိုတဲ့ အထိန်းတော်ရဲ့ အသံကြောင့် မနက်ခင်းလေးဟာ ကျက်သရေအဖြာဖြာ တုံးသွားရလေသည် ။

ဘေးနားဝေ့ဝဲကြည့်လိုက်တော့ ရှောင်းကျန့်က ဘေးမှာမရှိတော့ပေ။

" ဘိုးတော် ငါ့ကို မနေ့ညက အသေလုပ်သွားပြီး သူကတော့ စောစောစီးစီးလစ်သွားပြီ "

ရိပေါ်မှာ မကျေမချမ်းရေရွတ်လျက် အိပ်ယာထလိုက်ရတော့၏။

အောက်ပိုင်းက အောင့်စပ်စပ်ဖြင့်။

မနက်စာစားချိန်မှာတော့ မယ်တော်ကြီးရယ် မင်းကြီးရယ် မိဖုရားရယ် ရှောင်းကျန့်ရယ်က ထမင်းစားပွဲမှာ စုံစုံညီညီထိုင်နေကြသည်။

ရှောင်းကျန့်ရဲ့ ဦးရီးတော်နဲ့ အရီးတော် မိသားစုမှာ အရီးတော်မိသားစုက နန်းပြင်မှာနေတာများသည်။

ဆန်ကုန်‌မြေလေး ဦးရီးတော်ရဲ့ မိသားစုကတော့ နန်းတော်ထဲမှာနေပေမယ့် တသီးတသန့်ဆန်သည်။

မနက်စာစားနေတုန်း မယ်တော်ကြီးနဲ့ ထွေရာလေးပါး စကားအနည်းငယ်ပြောခဲ့ကြသည်။ ရှောင်းကျန့်က စပ်ဖြဲဖြဲလုပ်နေသည့်အတွက် မျက်စောင်းတွေပဲ ပိတ်ထိုးထားလိုက်၏။

မနက်စာစားပြီး အဆောင်တော်ကိုပြန်တော့ ရိပေါ်နောက်လိုက်လာပြီး မရမက အတင်းနမ်းသေးသည်။

.........

ပထမနေ့မှာ တော်ဝင်မျိုးနွယ်စုတွေရဲ့ သမိုင်းကြောင်းနဲ့ နာမည်တွေကိုမှတ်သားရသည်။ ပထမဆုံးနေ့ဆိုတော့ ကြောက်ကြောက်နဲ့ ဖတ်ရ၏။ ရှောင်းကျန့်တို့ရဲ့ ဆွေမျ်ိုးတွေအကြောင်းကိုဖတ်ရတာ အနည်းငယ်စိတ်ဝင်စားစရာတော့ကောင်းသည်။

ကျောင်းက သင်ရတဲ့သမိုင်းနဲ့ မတူပဲ ဒါက တစ်မျိုးဖြစ်သည်။ လွန်ခဲ့တဲ့နှစ်ထောင်ချီက တော်ဝင်မိသားစု သမိုင်းကိုမှတ်စရာမလိုပဲ ရှောင်းကျန့်ရဲ့ အဘိုးဖြစ်သူ အုပ်ချုပ်ချိန်မှစ၍ ယခုလက်ရှိအချိန်အထိ မှတ်တမ်းများကိုသာဖတ်ရသည်။ ဒါကြောင့် ယခုလက်ရှိတော်ဝင်မိသားစုရဲ့ အကြောင်းကျ မှတ်ရလွယ်သွားသည်။ ပြီးတော့ဆွေမျိုး ဆက်စပ်ပုံကိုလည်း လေ့လာရတာ မခဲယဥ်းတော့ပေ။

Making A LoverTahanan ng mga kuwento. Tumuklas ngayon