Ep - 7

3K 396 29
                                    

(Unicode)

ရိပေါ်မှာ အလုပ်ဆင်းတဲ့ ပထမဆုံးရက်ဖြစ် သော်လည်း တက်တက်ကြွကြွမရှိပေ။

အခုတော့ heat မဝင်တော့ပေမယ့် မနေ့က အိပ်ယာနိုးလာတော့ သူ့ဘောင်းဘီတစ်ခုလုံးစိုရွှဲနေတာကြောင့် ပူထူသွားကာ ဘာလုပ်ရမှန်းမသိဖြစ်သွားသေးသည်။

လူကလည်း နုံးကာ အိပ်ချင်သလိုပဲခံစားနေရသည်။ ဒါပေမယ့် ငေးမှိုင်နေလို့မဖြစ်ပါ။

တော်ကြာ အခုပဲအလုပ်ဝင် ခုအလုပ်ပြုတ်ဖြစ်နေမှဖြင့် ဝမ်ရိပေါ်သမိုင်း စောင်ရမ်းရိုင်းရချည်ရဲ့။

ပြုတ်ဖူးသမျှအလုပ်တွေထဲ ကမ္ဘာ့အမြန်ဆုံးစံချိန်တင်သွားမှာစ်ိုးရိမ်သည်။

" ဝမ်ရိပေါ်ကြိုးစားထား ! "

လက်သီးလက်မောင်းတန်းလျက် ကိုယ့်ကိုယ်ကိုအားပြန်ပေးပြီး နှုတ်ခမ်းတွေကို ကော့ညွှတ်သွားအောင်ပြုံးပစ်လိုက်သည်။

ရိပေါ် အလုပ်အသစ်ရကြောင်း ရှောင်းကျန့်ကိုပြောထားပြီးဖြစ်သည်။

.......

စာအုပ်ဆိုင်ဖွင့်ပွဲဖြစ်လို့ Buy one get oneဝယ်ယူနိုင်ကြောင်း လိုင်းပေါ်မှာကြေညာထားတာကြောင့် ပထမဆုံးရက်မှာတင် စာအုပ်လာဝယ်တဲ့သူတွေများသည်။

အထူးသဖြင့် ကောင်ချောလေးနှစ်ယောက်က စာအုပ်ရောင်းတာကြောင့် အထက်တန်းကျောင်းသူအရွယ်ကောင်မလေးတော်တော်များများဖြင့် ဆိုင်က စည်ကားလျက်။

အရောင်းသွက်နေသည်မှာ ထမင်းစားချိန်တောင်မနည်းလုယူရသည်။နေ့လည်စာကတော့ ယန်မင်ယိကပဲကျွေးသည်။

နေ့လည်စာစားပြီးနောက်ဆိုင်ပြန်ဖွင့်တော့ ဆိုင်ရှေ့မှာ ဝယ်သူတွေတန်းစီနေတာကြောင့် ရိပေါ်တို့သုံးယောက်လုံးမှာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ပထမဆုံးရက်မှာတင် သူတို့ဆိုင်က စန်းတအားပွင့်နေပြီ။

ရိပေါ်တို့ဆိုင်ကို လာအားပေးတဲ့ အထက်တန်းကျောင်းသူ ဆယ်လီလေးတစ်ယောက်က ဒီဆိုင်က အရောင်းဝန်ထမ်းအစ်ကိုကြီးတွေက အရမ်းချောကြောင်း အစ်မကြီးလည်းအရမ်းလှကြောင်း လိုင်းပေါ်မှာတင်လိုက်သည်။

Making A LoverWhere stories live. Discover now