( Unicode )
နောက်တစ်နေ့မှာလည်း စာအုပ်ဆိုင်လေးက ရောင်းအားသွက်နေခဲ့သည်။ ဤသို့ဖြင့် တစ်ဖြည်းဖြည်းရောင်းအားတက်လာရာ ရက်နှစ်ဆယ်အကြာမှာ ဆိုင်ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။
စာအုပ်ဆိုင်လေးကလည်း နာမည်အသင့်အတင့်ရလာတဲ့ စာအုပ်ဆိုင်ကြီးဖြစ်လာပြီး အလုပ်သမားတွေလည်း ငါးယောက်လောက်ခန့်ထားနိုင်လိုက်သည်။
အကုန်လုံးက တက္ကသိုလ်ကျောင်းသားအရွယ် ကောင်ချောလေးတွေဖြစ်၏။
အကုန်လုံးက Alpha နဲ့ Beta တွေပဲဖြစ်ကြပြီး omega ဆိုလို့ ရိပေါ်ရယ် အားလီရယ်ပဲရှိသည်။
ရိပေါ်မှာ ရက်အနည်းငယ်အတွင်း ဆိုင်မန်နေဂျာဖြစ်လာပြီး လစာမှာလည်း ယွမ်လေးထောင်အထိတိုးပေးမည်ဟု ယန်မင်ယိကပြောသည်။
ဘာလိုလိုနဲ့ ဒီဆိုင်မှာ အလုပ်လုပ်နေတာ တစ်လပင်ပြည့်တော့မည်။ ဒီနေ့က ရိပေါ်တို့ ဆိုင်ပိတ်ရက်ဖြစ်သည်။ တနင်္ဂနွေနေ့တိုင်း စာအုပ်ဆိုင်လေးက ပိတ်လေ့ရှိ၏။
......
ရိပေါ်နဲ့ ရှောင်းကျန့်လည်း တစ်နေ့တစ်ခြားပိုမိုရင်းနှီးလာသည်။
ရှောင်းကျန့်က သိုသိပ်တတ်တာကြောင့် သူ့အကြောင်းတွေကို သိပ်မသိရပဲ ရိပေါ်ကပဲ ကိုယ့်အကြောင်းကို အများဆုံး ရင်ဖွင့်သလိုဖြစ်နေသည်။
အခန်းထဲ ဖုန်းသုံးနေရင်းချက်ချင်းဆိုသလိုပဲ heat ထိန်းချုပ်ဆေးမဝယ်ရသေးမှန်းဖြတ်ခနဲသတိရလိုက်သည်။
ဒါကြောင့်ပဲ ရိပေါ်က ဆေးဝယ်ဖို့ အမြန်လုပ်ရတော့၏။ ဟူဒီတစ်ထည်ကို အမြန်ကောက်ဝတ်ကာ ပိုက်ဆံအိတ်ကိုလွယ်ပြီး အခန်းထဲက ခပ်သုတ်သုတ်ပြေးထွက်လာသည်။
ရှောင်းကျန့်ကတော့ အမြဲလိုလို ဧည့်ခန်းထဲမှာ ကွန်ပျူတာတစ်လုံးဖြင့်။
" အပြင်သွားလိုက်ပါဦးမယ် "
ရိပေါ်က ဖိနပ်စီးရင်း ရှောင်းကျန့်ကို အသိပေးလိုက်သည်။
" လိုက်ပို့ရမလား "
" ဟင့်အင်း ရတယ် ။ သူငယ်ချင်းလာခေါ်မှာမို့ "
YOU ARE READING
Making A Lover
FanfictionENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...