Ep - 10

3.7K 401 82
                                    

(Unicode)

ရိပေါ်က သတိရလာတော့ အဖြူရောင်မျက်နှာကြက်က််ိုပဲ အရင်မြင်ရသည်။ဒါကြောင့် သူဟာ စာအုပ်ဆိုင်မှာမဟုတ်မှန်းသိလိုက်ရသည်။

သူနောက်ဆူံးမှတ်မိလိုက်တာ စာအုပ်ရှာနေရင်း ခေါင်းမူးပြီး လှေကားပေါ်က ပြုတ်ကျသွားတဲ့အထိပဲဖြစ်သည်။

" သတိရလာပြီပဲ "

ရှောင်းကျန့်ရဲ့အသံကိုကြားလိုက်တော့ မျက်လုံးကိုဝေ့ကြည့်လိုက်တော့ ရှောင်းကျန့်ကသူ့ဘေးမှာထိုင်နေ၏။

" အခုက ဆေးရုံမှာလား "

" အင်း ။ မင်းမူးလဲသွားတာ။ လှေကားပေါ်က ပြုတ်ကျတာ ဘာမှမဖြစ်တာကံကောင်းသွားတယ်။ ဝမ်ရိပေါ်က တကယ်ဆိုးတယ် ။ အလုပ်မသွားနဲ့ဆိုတာ ကိုယ့်စကားကိုနားမထောင်ဘူး "

" တောင်းပန်ပါတယ် "

ရိပေါ်မှာ မျက်နှာငယ်လေးဖြစ်သွားပြန်သည်။ နဂိုကတည်းက မျက်နှာကသေးသေးလေးပါဆို အခုကျ ဇီးရွက်လောက်သာကျန်တော့သည်။

" တောင်းပန်ရင် ကိုယ့်ကို ကျေးဇူးပြန်ဆပ်မလား ။ ဆပ်နိုင်လား ဟမ် "

ရှောင်းကျန့်က အဲ့လို မေးလိုက်တော့ ရိပေါ်မှာ မထင်ထားသလို  မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ပြန်ကြည့်လာသည်။

" ဆပ်ပါ့မယ် "

" ကောင်းပြီလေ။ ကိုယ့်ကိုကျေးဇူးဆပ်ချင်ရင် ကိုယ့်စကားကို ကောင်းကောင်းနားထောင်ရမယ် "

"......."

" အခုတော့ ပြန်နားလိုက်ဦး။ သတိရခါစက အားရှိသေးမှာမဟုတ်ဘူး။ ကိုယ်အိမ်ခဏပြန်ဦးမယ်။ သူနာပြုအကူလေးတွေလာမှာမို့ လိုတာရှိရင် သူ့ကိုပြောလို့ရတယ် "

" ဟုတ် "

ရှောင်းကျန့်က အပြင်ထွက်သွားတာနဲ့ ရိပေါ်လည်း မျက်လုံးတွေပြန်မှိတ်ချလိုက်တော့သည်။ ရင်ထဲမှာစိုးရိမ်စိတ်တွေကြီးစိုးနေသည်။

အခုဆေးရုံတက်နေရတာဆိုတော့ သူက Omega မှန်း ရှောင်းကျန့်သိသွားမှာ အရမ်းကြောက်သည်။

........

ရှောင်းကျန့်က  အိမ်ပြန်တဲ့လမ်းမှာ စာအုပ်ဆိုင်ကိုဝင်ပြီး ရိပေါ်နေမကောင်းလို့ ခွင့်ယူချင်ကြောင်း ၊ သူက ရိပေါ်ရဲ့ အစ်က်ိုဖြစ်ကြောင်းပြောကာ ရိပေါ်ရဲ့ လွယ်အိတ်ကို တောင်းလာလိုက်သည်။

Making A LoverWhere stories live. Discover now