Ep - 4

3.2K 412 101
                                    

(Unicode)

" အာ့ ! "

" စပ်လို့လား "

" အင်း "

ရှောင်းကျန့်က ရိပေါ်ရဲ့လက်ကို ဆေးထည့်ပေးတော့မှ ရိပေါ်က အသိစိတ်ပြန်ဝင်ကာ စပ်မှန်းသိတာပင်။ ရှောင်းကျန့်က အနီးအနားကဆေးဆိုင်လေးကနေ ဆေးဝယ်ပြီး ရိပေါ်ကို ဆေးထည့်ပေးနေတာဖြစ်၏။

လက်မှာ ခွက်အကွဲစတွေ မစိုက်မိလို့တော်သေးသည်။ လက်ညှိုးတစ်ချောင်းလုံး ရှရာက ကန့်လန့်ဖြတ်ကြီး။

ဆေးမထည့်ခင်က သွေးတိတ်အောင် မနည်းလုပ်လိုက်ရသည်။ ဒဏ်ရာက မဖြစ်စလောက်လေးဆိုပေမယ့် လက်ဖဝါးတစ်ခုလုံးသွေးတွေအပြည့်။

ရှောင်းကျန့်က ရိပေါ်လက်ကိုဆေးထည့်ပေးပြီး အရုပ်ပုံလေးတွေပါတဲ့ ပလာစတာလေးကပ်ပေးလိုက်၏။ ချစ်ဖို့ကောင်းတယ်ထင်လို့ အဲ့လိုပလာစတာကို သက်သက်ဝယ်လာလိုက်တာပင်။

" ကျေး ကျေးဇူးပါ "

" ရတယ် "

"....... "

ရိပေါ်က အဝေးကိုကြည့်ပြီး ငူငူငေါင်ငေါင်ကြီးဖြစ်နေသည်။ ဒီနေ့ဖြစ်သွားတာက သူ့ကို အကြီးအကျယ်ရှော့ခ်ရသွားစေပြီး ဘာအလုပ်မှဆက်မလုပ်ချင်တော့အောင်အထိ။

မှိုင်တွေတွေလေးဖြစ်ကာ သက်ပြင်းအကြိမ်ကြိမ်ချနေတဲ့ ရိပေါ်ကို ရှောင်းကျန့်က သေချာလေးအကဲခတ်နေသည်။

" သက်ပြင်းခဏခဏချရင် အသက်တိုတတ်တယ်တဲ့ "

" ဟုတ်လား။ အဲ့လိုဆိုလည်း ကောင်းသား "

ရိပေါ်က ဖျော့တော့တော့ရယ်ပြကာ ဘဝကြီးကို စိတ်ကုန်နေသလို ပြောလာလေသည်။

ဝမ်ရိပေါ်ကိုကြည့်ရတာ စိတ်ဓာတ်ကျနေပုံပဲ ဟု ရှောင်းကျန့်လည်းထင်မိသည်။

" မင်းက ရုပ်ပြောင်းရုပ်လွှဲတတ်တာလား "

" ဗျာ "

" နေရာတိုင်းမှာ အလုပ်လုပ်နေတာကိုတွေ့လို့လေ "

ရှောင်းကျန့်က စသလိုနောက်သလိုနဲ့ ပြောလိုက်သည်။ ရိပေါ်ကို ပျော်စေချင်တဲ့ စိတ်နဲ့ပြောလိုက်တာပေမယ့် ပြောင်းပြန်ပင် ရိပေါ်က စိတ်မကောင်းဖြစ်သွားသည်။

Making A LoverWhere stories live. Discover now