Ep - 5

3.1K 385 109
                                    

(Unicode)

နောက်တစ်နေ့မှာတော့ ရိပေါ်နေခဲ့တဲ့ အဆောင်ဟာ ရုတ်တရက်ဆန်စွာ ဘူဒိုဇာနဲ့ထိုးချပြီး ဖြိုချ ရှင်းလင်းခံလိုက်ရသည်။

အစိုးရက အမိန့်ချတဲ့အတွက် ဘယ်သူမှ အထွန့်မတက်ရဲကြပဲ ငြိမ်နေလိုက်ကြရလေ သည်။

ရုတ်တရက်ကြီးထူးဆန်းစွာ အဖြိုခံလိုက်ရသည်ကိုတော့ ပဟေဠိဖြစ်နေကြတော့သည်။

....

ကော်ဖီဆိုင်က ကိစ္စကိုတော့ ဝူချန်က တာဝန်ယူဖြေရှင်းပြီးပြီ။ ရှောင်းကျန့်က ဘာလုပ်လုပ် စေ့စပ်သေချာတာကြိုက်သည်။ ဝူချန်လည်း သူငယ်ချင်းအကြိုက်ကို ကောင်းကောင်းကြီးသိသည်။

မန်နေဂျာကို နာမည်ပျက်စာရင်းသွင်းကာ ဆိုင်ရှင်နဲ့တွေ့ပြီး တစ်ဆိုင်လုံးကိုဝယ်လိုက်ကာ ဆိုင်နာမည်ပြောင်းလိုက်သည်။

ဆိုင်မှာရှိတဲ့ ဧည့်သည်စာရင်းကိုကောက်ပြီး မောက်မာတဲ့ ကလေးအမေရဲ့ နောက်ကြောင်းကိုပါစုံစမ်းလိုက်သည်။ တစ်နေ့လုံးစာ CCTV မှတ်တမ်းတွေအကုန်ယူထားပြီး cafe ကပိုင်တဲ့ကားပါကင်မှာထိုးထားသည့် ကားတွေရဲ့ နံပါတ်တွေ အကုန်မှတ်ထားသည်။

ကလေးအမေတို့ နောက်ကြောင်းကိုလည်း ကားနံပါတ်မှတစ်ဆင့်စုံစမ်းရရှိခဲ့ပြီး သူတ်ို့လုပ်နေတဲ့ လုပ်ငန်းက်ိုပါချိတ်ပိတ်ပစ်လိုက်သည်။

ဒီလောက်ထိလုပ်စရာလိုလ်ို့လားလို့မေးရင် လိုသည်ဟုဖြေရမည်။ တော်ဝင်မိသားစုနဲ့ ရင်းနှီးတဲ့သူတွေကို စော်ကားမိရင် ဒီလို  ထိုက်သင့်တဲ့ပြစ်ဒဏ်ခံရလိမ့်မည်။

အမြစ်ပါမကျန်လှန်ပြီးနှုတ်ပစ်တာမျိုး။

ဝူချန်ရဲ့ ကိုင်တွယ်ပုံကို ရှောင်းကျန့်က အားရကျေနပ်လှသည်။

ရှောင်းကျန့်ကို စိတ်ကျေနပ်မှုရစေတဲ့အတွက် ဝူချန်ရဲ့လုပ်ဆောင်ချက်တွေက အလကားမဖြစ်စေရ။

ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ ဝူချန်ရဲ့ အဖေပဲ ဝန်ကြီးချုပ်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်မှာ သေချာသလောက်ရှိသည်။

- Making A Lover -

ရိပေါ်လည်း သူများအိမ်ပေါ် အလကားမနေချင်တာကြောင့် နောက်ထပ် အလုပ်တစ်ခုကို အသည်းအသန်ရှာနေမိတော့သည်။

Making A LoverWhere stories live. Discover now