Ep - 30

6.3K 317 89
                                    

(Unicode)

လိုက်ကာကို ဖယ်လိုက်ရာ အစိမ်းရောင် မင်္ဂလာဝတ်စုံနဲ့ ရိပေါ်ကိုမြင်လိုက်ရတော့ ရှောင်းကျန့်က ခဏလောက်မှင်သက်သွားမိသည်။

ဒီနေ့ မင်္ဂလာဝတ်စုံကို အစမ်းဝတ်ကြည့်တာဖြစ်သည်။ နောက်နေ့ကျရင် prewedding ရိုက်မည် ။

နဂါးနဲ့ ဖီးနစ်ငှက်ပုံရေးဆွဲထားတဲ့ အစိမ်းရောင် မင်္ဂလာဝတ်စုံနဲ့ ရိပေါ်က အလွန်လိုက်ဖက်ကာ ပနံသင့်လှ၏။ ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ ဖီးနစ်သရဖူကလည်း ရိပေါ်ရဲ့ခေါင်းပေါ်မှာ ခန့်ညားစွာတည်ရှိနေသည်။

သမင်ပုံစံချည်ထိုးထားတဲ့ ဖိနပ်အစိမ်းရောင်လေးနှင့်။

" ဝိုးးး .... ယောက်ဖကလှလိုက်တာ "

ရှောင်းယွင်က အံ့သြတကြီး ရေရွတ်သည်။ ရိပေါ်ကို မင်္ဂလာဝတ်စုံနဲ့ အဲ့လောက်လိုက်ဖက်မယ် မထင်ထားခဲ့။ သူတောင် ယောကျာ်းယူချင်သွားသည်။

ရှောင်းကျန့်က မချီးကျူးရသေးခင် ရှောင်းယွင်က ချီးကျူးသွားသည့်အတွက် ရှောင်းကျန့်က ရှောင်းယွင်ကို ဘုကြည့်လှမ်းကြည့်လိုက်သည်။

သူက အရင်ဆုံး ချီးကျူးတဲ့သူဖြစ်ချင်တာကို။

" အိမ်ရှေ့စံ စိတ်တိုင်းကျပါရဲ့လား "

ရိပေါ်ရဲ့ မင်္ဂလာဝတ်စုံကိုဖန်တီးတဲ့ ဒီဇိုင်နာဖြစ်သူက ရှောင်းကျန့်ကိုမေးလာသည်။

" သဘောကျတယ်။ ကြင်ယာတော်လည်း အရမ်းလှတယ် "

ရှောင်းကျန့်က ရိပေါ်ကို အကြည့်တစ်ချက်မလွှဲပဲပြောလိုက်၏။ ထို့နောက် ရိပေါ်က မင်္ဂလာဝတ်စုံကိုမ , ပြီး ရှောင်းကျန့်နားရောက်လာခဲ့သည်။

" အစ်ကို ဘယ်လိုလဲ။ ကျွန်တော် အဆင်ပြေရဲ့လား "

" အင်း အရမ်းလှတယ် "

ရှောင်းကျန့်က လှတယ်ပြောတော့ ရိပေါ်က ရှက်ကိုးရှက်ကန်းတောင်ဖြစ်သွားရသည်။

ဝတ်ရုံကလည်း တကယ်တမ်းအလေးကြီးရယ် ။ ပြီးတော့ ဖီးနစ်သရဖူရဲ့ အလေးချိန်ကလည်း နည်းတာမဟုတ်။ ဖိနပ်ကပေါ့လို့သာတော်သေးသည်။ ဖိနပ်လည်း အလေးကြီးဆ်ိုရင် ရိပေါ်တော့ လမ်းလျှောက်လ်ို့ရမှာတောင်မဟုတ်။

You've reached the end of published parts.

⏰ Last updated: Dec 05, 2022 ⏰

Add this story to your Library to get notified about new parts!

Making A LoverWhere stories live. Discover now