(Unicode)
အထိန်းတော်က တံခါးကိုနှစ်ချက်သုံးချက်ဆင့်ခေါက်နေသည်ကြောင့် ရှောင်းကျန့်က တဘက်တစ်ထည်ကို ခါးအောက်ပိုင်းမှာပတ်လျက် တံခါးသွားဖွင့်လိုက်သည်။
အရင်ခတ်ကလိုသာဆို ဒီလို အလိုက်ကမ်းဆိုးမသိတဲ့ အထိန်းတော်အစုတ်ပလုတ်ကို ခေါင်းဖြတ်သတ်စေလို့တောင် အမိန့်ပေးပြီးပြီ။
တစ်ခွန်းလောက်လာနှိုးရင်လုံလောက်ပြီလေ။ ပြီးတော့ ရိပေါ်က အခုမှ အိပ်ပျော်သွားတာ။ မနေ့ညက သူ့ကြောင့် တစ်ညလုံးမအိပ်လိုက်ရ။
အထိန်းတော် အားရန်မှာ အပေါ်ပိုင်းဗလာနဲ့ ရှောင်းကျန့်ကိုတွေ့လ်ိုက်ရတာကြောင့် မြေကြီးထဲ ခေါင်းဝင်တော့ မတတ် ခေါင်းကို ငုံ့ထားလေ၏။
" အိမ် အိမ်ရှေ့စံက်ို ဂါရပြုပါတယ် "
တံခါးလာဖွင့်တာ ကြင်ယာတော်လေးအစားအိမ်ရှေ့စံကို အင်္ကျီချွတ်ကြီးနဲ့ တွေ့လိုက်ရတော့ မှောင်မိုက်သော အတွေးတို့ ဝင်ရောက်လာသည်။
သက်တော်စောင့်တွေချထားသားနဲ့ ကြင်ယာတော်အဆောင်ကို ရအောင်ဝင်လာနိုင်တဲ့ အိမ်ရှေ့စံ စကေးက ကြမ်းလှချည်လား။
" ကြင်ယာတော် နေမကောင်းဘူးလို့ မယ်မယ်ကို လျှောက်တင်လိုက် "
" နားလည်ပါပြီ အိမ်ရှေ့စံ "
အားရန်မှာ ခပ်သုတ်သုတ်ထွက်သွားပြီး မိဖုရားကို လျှောက်တင်လေတော့သည်။ မိဖုရားမှာ ထိုသတင်းကိုကြားတာနဲ့ နန်းတွင်းသမားတော်ကြီးကိုခေါ်ကာ အားဆေးတွေစပ်ခိုင်းပြီးရောက်ချလာ၏။
.....
" ဆန်ပြုတ်သောက်လိုက်ပါဦး ။ ပါးစပ် ဟ.... အာ.... "
ရှောင်းကျန့်က ဆန်ပြုတ်ပူပူက်ိုမှုတ်၍ ရိပေါ်ကို ခွံ့ကျွေးလေသည် ။ ရိပေါ်က ကုတင်ခေါင်းရင်းကိုမှီလျက် မကြည်မသာဖြင့် ထိုင်နေ၏။ ထိုင်ရတာတောင် မသက်မသာဖြစ်ကာ ကျိန်းစပ်နေသည်။
ဘိုးတော်က မနေ့ညက သူမခံရတိုင်း အသေလုပ်ထားသည်လေ။
" မစားဘူး "
ရှောင်းကျန့်လက်ကို ရိပေါ်က ပုတ်ထုတ်ကာမျက်နှာလွှဲလိုက်သည်။
VOCÊ ESTÁ LENDO
Making A Lover
FanficENIGMA x OMEGA A/N : This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story, don't read this. Thanks! This story...