Ep - 6

3.1K 373 82
                                    

(Unicode)

တစ်ပတ်အကြာမှာ အင်တာဗျူးသွားဖြေရသည်။ စာအုပ်ဆိုင်လေးက ကြီးကြီးမားမားမဟုတ်။ တစ်ပိုင်တစ်နိုင်ဖြင့် ခုမှဖွင့်ကာစ စာအုပ်ဆိုင် အသေးစားလေးဖြစ်သည်။

အင်တာဗျူးလာလျှောက်သူမှာ ရိပေါ်အပါအဝင်သုံးယောက်တည်း။ ကျန်တဲ့နှစ်ယောက်က ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ဖြစ်သည်။

အင်တာဗျူးချိန်ကလည်း နှစ်မိနစ်ခန့်သာကြာသည်။

" လစာလေးနည်းနည်းလေးနဲ့ ကြီးကြီးကျယ်ကျယ် အင်တာဗျူးနေသေးတယ်။ ဒီကညီအစ်ကိုတို့လည်း ဖြေမနေနဲ့တော့။ ဒီဆိုင်ကသေးသေးလေးနဲ့ ဘာစာအုပ်မှရောင်းရမယ်မထင်ဘူး "

ရိပေါ်နဲ့ ဘေးကကောင်မလေးလည်းပြုံးရုံသာပြုံးပြလိုက်၏။

အရင်ဆုံးအင်တာဗျူးသွားဖြေပြီးတဲ့ ကောင်လေးက မကျေနပ်ရေရွတ်ကာ ရိပေါ်တို့ကိုပါ သတိပေးစကားဆိုပြီး ထွက်သွားတော့သည်။

" နောက်တစ်ယောက်ဝင်လာလို့ရပါပြီ "

အထဲက အသံထွက်လာတော့ ကောင်မလေးက ဝင်သွားသည်။ ခဏအကြာမှာ ကောင်မလေးက ပြန်ထွက်လာတော့ ရိပေါ်အလှည့်။

ရိပေါ်လည်း ရင်တုန်လျက်ဝင်သွားလိုက်၏။ လစာနည်းတယ်ဆ်ိုတော့ ဒီအလုပ်ကိုသူ လျှောက်သင့်ရဲ့လားတောင်မသိတော့ပေ။ ဒါပေမယ့် အခုအချိန်က တခြားအလုပ်ရှာဖို့လည်း ခက်ခဲနေတဲ့အချိန်။ အလုပ်သာထပ်ရှာမယ်ဆိုရင် သူများအိမ်မှာပဲဆက်နေရလိမ့်မည်။ ဒါတော့ မဖြစ်သေး။

" ထိုင်ပါ "

အခန်းထဲမှာ စားပွဲခုံတစ်လုံးရယ် ထိုင်ခုံနှစ်ခုရယ်သာချထားပြီး ဘေးပတ်လည်က စာအုပ်စင်တွေဖြစ်၏။ စားပွဲခုံရဲ့ တစ်ဖက်မှာစာအုပ်ဆိုင်ပိုင်ရှင်ဖြစ်ဟန်ရှိတဲ့လူက ထိုင်နေသည်။

" နာမည်က ဝမ်ရိပေါ်နော် ။ အသက်က 24 နှစ် "

" ဟုတ် "

" ကိုယ်က ဒီဆိုင်ပိုင်ရှင် ယန်မင်ယိပါ  "

" ဟုတ် ။ တွေ့ရတာဝမ်းသာပါတယ် "

"ဒါနဲ့ ဘာ Gender အမျိုးအစားလဲဆိုတာ ဘာမှမဖြည့်ထားဘူးနော် ။ ဘာလို့လဲ "

Making A LoverWhere stories live. Discover now