Ep - 2

3.4K 409 74
                                    

(Unicode )

ရိပေါ်ထင်ထားတဲ့အတိုင်း တစ်ပတ်လောက်အကြာမှာတော့ အလုပ်ပြုတ်သွားလေသည်။
တကယ်တမ်း ရိပေါ်က အလုပ်ထုတ်ခံရတာမဟုတ်ပဲ အလုပ်ထွက်လိုက်တာဖြစ်သည်။

......

ဟိုနေ့က နှာဘူးကျသွားတဲ့ စျေးဝယ်က  မန်နေဂျာနဲ့ တွေ့ကာ ဆိုင်ထိ ပြသနာလာရှာပြန်သည်။

ဒီက ဝန်ထမ်းကောင်လေးက သူ့ကို  မသေရုံတမယ်ထိုးလိုက်တာဖြစ်ကြောင်းပြောကာ ဆိုင်က CCTV ကိုစစ်ကြည့်ချင်ကြောင်းပြောသည်။ 

" ဒီက ဧည့်သည်ကို တောင်းပန်လိုက် ဝမ်ရိပေါ် "

မန်နေဂျာက  CCTV မှတ်တမ်းကိုကြည့်ပြီးနောက် ရိပေါ်ကို တောင်းပန်ခိုင်းသည်။

" မတောင်းပန်နိုင်ပါဘူး။ ဒီလူက အရင် ကျွန်တော့်လက်ကိုလာဆွဲပြီး နှာဘူးကျလို့ ပြန်ဆော်လိုက်တာ "

ရိပေါ်ကလည်း မဟုတ်မခံတတ်သူပီပီ မတောင်းပန်နိုင်ဘူးပြောပြီး စျေးဝယ်က နှာဘူးကျလို့ သူက ပြန်ခုခံမိတာဖြစ်ကြောင်းပြန်ပြောသည်။

ရိပေါ်လက်ကောက်ဝတ်ကို စျေးဝယ်က ဖမ်းဆွဲထားပြီး ထိကပါးရိကပါးဖြင့် မတော်တရော်စကားတွေပြောကြောင်း မန်နေဂျာကိုပြောလိုက်တော့ ထိုလူမှာ မျက်စိမျက်နှာပျက်သွား၏။

CCTV ပြန်စစ်ကြည့်တော့ မှတ်တမ်းထဲမှာ ထိုလူအရက်သောက်ဖို့ခေါ်တာကအစ အကုန်ကြားနေရသည်။ မန်နေဂျာလည်း ရိပေါ်ကိုအားနာသွား၏။

" ဒါဆို ဧည့်သည်က ကျွန်တော်တို့ဆိုင်ဝန်ထမ်းဖြစ်တဲ့ ဝမ်ရိပေါ်ကို တောင်းပန်ပေးပါ။ မဟုတ်ရင် ရဲစခန်းဖြစ်ဖြစ်တိုင်ရပါလိမ့်မယ် ။ လိုင်းပေါ်တင်သင့်ရင်လည်း တင်ရမှာပါ "

မန်နေဂျာက အကြပ်ကိုင်ပြီး ထိုလူကိုတောင်းပန်ခိုင်းလ်ိုက်သည်။

" တောင်း တောင်းပန်ပါတယ် ဒီက ဝမ်ရိပေါ်ကို "

ရိပေါ်ကို ရန်ရှာဖို့လာတဲ့ထိုလူလည်း ရိပေါ်ကို အသည်းအသန်တောင်းပန်ပြီး အရှက်ထပ်ကွဲသွားတော့သည်။ 

ရိပေါ်ကတော့ ထိုလူ့ကို သေတောင်ခွင့်မလွှတ်။

မန်နေဂျာက ရိပေါ်ကိုအားနာကြောင်းပြောကာ လစာတိုးပေးမည်ဖြစ်ကြောင်းပြောပေမယ့် ရိပေါ်လည်း အလုပ်ထွက်ချင်တယ်ပဲပြောလိုက်သည်။

Making A LoverWhere stories live. Discover now