Ep - 13

3.9K 388 37
                                    

(Unicode)

နှစ်ရက်ကြာပြီးနောက် ရိပေါ်က အထုပ်ပြင်ထားသည်။ တိတ်တဆိတ်ဒီနေရာကနေထွက်သွားမည်။

ရှောင်းကျန့်က ည ဆယ့်တစ်နာရီခန့်လောက်ဆို အိပ်တတ်သည်။ ရှောင်းကျန့်အိပ်နေဆဲမှာပဲ ရိပေါ်က ခိုးပြီးထွက်သွားဖို့ စီစဥ်ထားသည်။

သူ့အပေါ်ကောင်းပေးလွန်းအားကြီးတဲ့ ရှောင်းကျန့်ကို အားနာပေမယ့်လည်း သူဒီနေရာကနေ ထွက်သွားမှဖြစ်မည်။

heat ဝင်လို့ အတူအိပ်မိတာနဲ့ ရှောင်းကျန့်က သူ့ကိုလက်ထပ်မယ်ဆိုတာတော့ မဟုတ်သေး။ ရှောင်းကျန့်က သူ့လိုလူထက် အများကြီးသာတဲ့သူနဲ့သာထိုက်တန်သည်ဟု ရိပေါ်ထင်သည်။

သူ့အတွက်နဲ့ ရှောင်းကျန့်က တစ်ဘဝလုံး စတေးစရာမှမလိုတာ ။ ရှောင်းကျန့်နဲ့ သူနဲ့က အခြေအနေတွေ ဘဝတွေ အဆင့်အတန်းတွေ အများကြီးကွာခြားသည်။

ရှောင်းကျန့်က သူ့ကို သဘောကျတယ်ဆိုတာကို မယုံတာတော့မဟုတ်။ လက်ထပ်မယ်ဆိုကိုလည်း လက်မခံနိုင်တာမဟုတ်ပါ။ သူ့လို နိမ့်ကျတဲ့သူက ရှောင်းကျန့်လို မျိုးရိုးမြင့်တဲ့ လူမျိုးကိုမှန်းတောင် မမှန်းရဲ။

ရှောင်းကျန့်မှာလည်း မိသားစုအသိုင်းအဝိုင်းဆိုတာရှိလိမ့်မည်။ တကယ်လို့ သူ့လို ဘာမဟုတ်တဲ့ကောင်လေးက ရှောင်းကျန့်ကိုလက်ခံလိုက်ရင် ရှောင်းကျန့်လည်း သူ့အသိုင်းအဝိုင်းကြားမှာ သူများပြောစရာဖြစ်လောက်သလို ရိပေါ်ကိုယ်တိုင်လည်း လူဝင်မဆံ့မှာကြောက်သည်။

ခန္ဓာကိုယ်ချင်းနှီးနှောပြီးသည့်တိုင်အောင် သူ့ဘက်က ရှောင်းကျန့်အပေါ် စိတ်မယိုင်ဘူးလားဆိုရင် စိတ်ယိုင်သည်။ ရှောင်းကျန့်လို အရာရာပြည့်စုံပြီး ကာကွယ်ပေးတတ်တဲ့လူကို ဘယ်သူကရော အားမကိုးပဲနေချင်မည်လဲ ။

ဒါပေမယ့် ကိုယ့်အဆင့်နဲ့ကိုယ်နေကြတာသာကောင်းသည်။ ကောင်းကင်နဲ့ မြေကြီးက ထိစပ်လာနိုင်တာမှမဟုတ်ပဲ။

ညသန်းခေါင်ရောက်တော့  ရိပေါ်လည်း နှုတ်ဆက်စာတစ်စောင်ကိုချန်ပြီး အခန်းထဲကနေ တိတ်တိတ်လေးထွက်လာလိုက်တော့သည်။

Making A LoverWhere stories live. Discover now