၅။ တကယ်ပဲ မင်းက ဘယ်သူလဲ

4.3K 454 6
                                    

ဖုန်းယွိဟန် သူတို့ဆက်ပြီး ငြင်းခုန်နေကြသည်ကို နားမထောင်ချင်တော့ပါ။ သူမ လက်နှစ်ဖက်ကို အင်္ကျီလက်ပွပွထဲထိုးပြီး ပိုက်ထားမိသည် ၊ သူမညာဘက်လက်ကောက်၀တ်ကို ပွတ်လိုက်မိတဲ့အခါမှာ အနွေးဓာတ်ကို ခံစားလ်ိုက်ရပြီး ရုတ်တရက် သူမ မမြင်သင့်တဲ့ အရာတစ်ခုကိုတွေ့လိုက်ရသည်။ အရင်ဘ၀က သူမဖွင့်ခဲ့သည့် ဆေးခန်းကို ဖြစ်သည်။

အနောက်တိုင်းဆေးရော တရုတ်ရိုးရာဆေးပါရှ်ိသည့် နှစ်ထပ်ဆေးခန်းလေး။ ထိုနေရာ၌ ချိုင်းထောက်များနှင့် ဘီးတပ်ကုလားထိုင်များအပြင် ဆေးဘက်ဆိုင်ရာသုံး ကိရိယာအနည်းငယ်လည်းရှိသေးသည်။ ထိုဆေးခန်းသည် ၂၁ရာစုမှ ဆေးခန်းများနှင့် အနည်းကျဥ်းတောင် ကွားခြားမှုမရှိဘဲ ဆေး၀ါးအသစ်များ၊ အထူးဆေး၀ါးများနှင့် နေ့စဥ်အိမ်သုံးဆေး၀ါးများပါ ရှိလေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ရေတပ်မှအသုံးပြုသော ဆေး၀ါးများနှင့် တစ်၀က်သာဖော်စပ်ပြီးသော ဆေးများရှိနေခြင်းပင်။

ဖုန်းယွိဟန် စမ်းကြည့်ပြီးနောက် တွေးလိုက်ရုံနှင့်တင် ဆေးခန်းထဲမှ ပစ္စည်းများအား လွယ်လွယ်ကူကူထုတ်ယူနိုင်မှန်း သိသွားသည်။

သူမ တင်္ဒဂတော့ ထိတ်လန့်သွားမိသည်။ မသိလိုက်ပါဘဲနှင့် သူမခြေလှမ်းများကို ရွှေ့ကာ ဆေးခန်းမှ ပြန်ထွက်လာခဲ့သည်။ ဒီလို ထူးခြားတဲ့တွေ့ရှိမှုမျိုးကို တိတ်ဆိတ်ပြီး သီးသန့်ရှိတဲ့နေရာမျိုးမှာမှ စစ်ဆေးကြည့်သင့်သည်။

[T/N : အမှတ်ကိုထိလိုက်ရင် ဆေးခန်းကို MC က မြင်ရပြီး ၀င်လည်း၀င်သွားနိုင်ပါတယ်။ စဥ်းစားလိုက်ရုံနဲ့တင်လည်း ပစ္စည်းတွေကို ထုတ်ယူနိုင်ပါတယ်။ ဆေးခန်းထဲကို MC ရဲ့ ၀ိညာဥ်(သို့ ) စိတ်ချည်းပဲလည်း၀င်နိုင်ပြီး ခန္ဓာကိုယ်ပါလိုက်၀င်နိုင် ပါတဟ်။ ဆေးခန်းထဲမှာရွေ့တဲ့အကွာအဝေးအတိုင်းလည်း အပြင်မှာပါ လိုက်ရွေ့သွားတတ်ပါတယ်။ ]

သူမ ခြေတစ်လှမ်းလောက် ရွှေ့ရွှေ့ချင်းမှာပင် လည်ပင်း၌ အေးစက်သည့် အရာတစ်ခုအား ခံစားလိုက်ရသည်။ အေးစက်နေသည့် ဓားသွားဖြင့် သူမလည်ပင်အား ထောက်ထားခြင်းပင်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now