၇၆။ ရွှမ်ထျန်းမင် ၊ ခြင်တွေကြည့်ထားပေးဦး

3.3K 424 4
                                    

ရွှမ်ထျန်းမင်၏ မေးခွန်းကြောင့် ဖုန်းယွိဟန်မှာ  တောင့်တောင့်ကြီးဖြစ်သွားတော့သည်။

ဘယ်သူ့ဆီကနေ သူမ သင်ယူခဲ့တာလဲ။ ၂၁ရာစုက ရေတပ်ထဲက အရာရှိကြီးတစ်ယောက်ဆီကနေ သင်ခဲ့တာပေါ့။

သို့ပေမယ့် သူမ ထိုကဲ့သို့ ပြန်ဖြေလို့ရပါ့မလား။

သေချာပေါက် မရဘူးပေါ့။

" အဲ့ဒါက .... " ဖုန်းယွိဟန်သည် ထိုင်လျက်သားဖြင့်ပင် သစ်ကိုင်းခြောက်လေးတစ်ခုအား ကောက်လိုက်ကာ စက်၀ိုင်းလေးများ ဆွဲနေလိုက်သည်။ " ကိုယ့်ဘာသာ သင်ထားတာလေ ။ "

" ဖုန်းယွိဟန် ၊ မင်းကတော့ တကယ်ပဲနော် ။ အရည်အချင်းလေးလည်းရှိနေတော့ လိမ်ဖို့လည်း ရဲနေတယ်ပေါ့လေ ၊ ဟမ် ? "

" .... တောင်ပေါ်မှာ သီးသန့်နေတဲ့ ဆရာကြီးတစ်ယောက်ဆီကနေ သင်ခဲ့တာ ။ အာ... အဲ့ဆရာကြီးက ကျွန်မကို ထူးဆန်းတဲ့ ဆေးတွေနဲ့ ပစ္စည်းကိရိယာတွေပေးခဲ့တယ်ဆိုတဲ့ ပါရှန်းဆရာကြီးပဲလေ။ " ဖုန်းယွိဟန်၌ အကြောင်းပြချက်သည် ထိုတစ်ခုသာရှိလေသည်။  " ရှင်လည်း သိတာပဲလေ ။ အဲ့ဒိီဆရာကြီးရဲ့ ပစ္စည်းတွေ အကုန်လုံးက အထူးအဆန်းတွေချည်းပဲလေ။ "

ရွှမ်ထျန်းမင်သည်လည်း ထိုသည်ကိုတော့ လက်ခံသည်။ သည့်အပြင် သူ ငြင်းချင်လျှင်တောင် ငြင်းစရာ အကြောင်းအရင်းမရှိပေ။

မြို့တော်သို့ ပြန်ရောက်သည့်နေ့က ပိုင်ဇျယ်အား  သည်ကောင်မလေး၏ အကြောင်းများအား စုံစမ်းခိုင်းခဲ့စဥ်က သ်ိခဲ့ရသည်များသည် သူမ မွေးဖွားချိန်မှစကာ အသက်ကိုးနှစ်အရွယ်အထိသာဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်ကာလအထိကိုသာ သိခဲ့ရတာဖြစ်လေသည်။ ထိုနောက်ပိုင်းကာလအတွက်တော့ ဘာတစ်ခုက်ိုမှ မသိခဲ့ရ ။

သူမသည် အနောက်မြောက်အရပ်ရှိ တောင်ပေါ်ရွာလေးတွင်နေကာ နေ့စဥ် ဆေးပင်ရှာထွက်တက်ပြီး ဘယ်လိုလူမျိုးများနှင့်တွေ့ကာ ဘာတွေကို ကြုံတွေ့ခဲ့ရသည်ဟူသည်ကိုတော့ သိသောသူတစ်ယောက်မှမရှိပေ ။

ရွှမ်ထျန်းမင်သည် နောင်တရသလိုလို နှမြောမိသလိုလို ဖြစ်လာလေသည်။ " တကယ်တော့ မင်း အနောက်မြောက်မှာ ရှိနေတုန်းက ကိုယ်လည်း စစ်ပွဲကြောင့် အနောက်မြောက်အရပ်မှာပဲ ရှ်ိနေခဲ့တာ။ အဲ့တုန်းကတည်းက တောင်ပေါ်ကိုသာ စောစောလာခဲ့မိမယ်ဆိုရင် မင်းကို တစ်ရက်ပဲဖြစ်ဖြစ် ပိုစောပြီးတွေ့ခဲ့ရမလား မသိဘူး။  "

ပဏာမ ဇနီးသည်ဖွား သမီးပျိုHikayelerin yaşadığı yer. Şimdi keşfedin