၁၅၇။ အမတ်ချုပ်ဖုန်း ၊ ရှင့်ရဲ့နိမ့်ကျတဲ့ လျှို့၀ှက်ကိုယ်ရံတော်က ကျွန်မတို့ကို ..

2.1K 271 8
                                    

ဖုန်းချန်းယွီက ထိုဖြစ်ရပ်အား အမှန်ဟု ဘယ်လိုမှ လက်မခံနိုင်ဘဲ လက်နှစ်ဖက်ဖြင့် ခေါင်းကိုအုပ်ကာ သံကုန်ခြစ်အော်ရင်း အပြင်သို့ပြေးထွက်ရန် ပြင်သည်။

သခင်မကြီး အလန့်တကြား ထအော်လိုက်မိသည်။ " သူမကို မြန်မြန် တားကြစမ်း ! " ထို့နောက် အထိန်းတော်​ကျောက်အား " အင်္ကျီရှာစမ်း " မြန်မြန် အင်္ကျီသွားရှာစမ်း ! " ဟုခိုင်းပြန်သည်။

အထိန်းတော်ကျောက်မှာ ဘယ်နေရာမှ ဘယ်လိုရှာရမည်ကို မသိသဖြင့် သူမ၏အပေါ်၀တ်ရုံကိုသာ ချွတ်လိုက်ရသည်။ အစေခံတစ်ယောက်က ဖုန်းချန်းယွီကိုချုပ်ကာ တားထားသဖြင့် သူမ၏အပေါ်၀တ်ရုံဖြင့်သာ ဖုံးပေးလိုက်ရတော့သည်။

ဖုန်းချန်းယွီ၏ ခန္ဓာကိုယ်မှာ တစ်ကိုယ်လုံး တုန်ယင်နေလေ၏။ ယခုတစ်ခေါက်တွင်တော့ သူမသည် ဟန်ဆောင်နေခြင်းမဟုတ်ပါဘဲ လုံး၀ အသိစိတ်လွတ်သွားတာ ဖြစ်ပေသည်။ နှုတ်မှနေလည်း အော်ဟစ်လို့နေသည်။ " သူ့ကို သတ်ပစ် ! ဖုန်းဇီဟောင်ကို သတ်ပစ် ! မြန်မြန် ! သူ့ကို သတ်ပစ်ကြစမ်း ! "

ဖုန်းချန်းယွီ၏အခြေအနေကိုကြည့်ကာ ဟန်ရှီ ကြိတ်၍၀မ်းသာနေမိသည်။ ဖုန်းချန်းယွီ ကျရှုံးသွားခြင်းက ဖုန်းဖန်းသိုက် ပြန်လာနိုင်မည့် မျှော်လင့်ချက်ကို ဖြစ်ပေါ်လာစေသည်။ ဘေးတွင်ရှိနေသော အန်းရှီမှ မျက်လုံးများကို အုပ်ပေးထားသည့် ဖုန်းရှန်းရုန်ကိုပါ ကြည့်လိုက်မိသည်။ ထိုကောင်မလေးကလည်း မျက်စိဆံပင်မွှေးစူးစရာပဲဟု သူမ ထင်သည်။ ဖုန်းရှန်းရုန်သာ တစ်ခုခုဖြစ်သွားပါက ဖုန်းမိသားစုမှာ ဖန်းသိုက်တစ်ယောက်ပဲ သခင်မလေးတစ်ယောက်အနေနဲ့ ရှိတော့မှာမလား ။အဲ့လိုသာဆို သူမသမီးက တရား၀င်သမီးပဲဖြစ်ဖြစ် ကိုယ်လုပ်တော်သမီးပဲဖြစ်ဖြစ် ဘာမှကွာမည် မဟုတ်တော့ချေ ။

" အာ ! " ဟန်ရှီက ရုတ်တရက်ထအော်ကာ ပြောလာလေသည်။ " သူက သေတာကြာနေပြီလေ ၊ အခုမှ ထပ်သတ်ဦးမယ်ဆိုရင် အလောင်းကိုရိုက်နေရုံပဲ ဖြစ်နေတော့မှာပေါ့ ၊ ကျစ်စ် ကျစ်စ် ပထမသခင်မလေး မမြင်လိုက်ဘူးလား ! ပထမသခင်မလေးက လူရှေ့ကြရင်တော့ သူတော်စင်လိုနေနေပြီး လူကွယ်ရာကြတော့ ထိန်းထိန်းသိမ်းသိမ်းကို မရှိတာပါလား ၊ ဒါက ပထမသခင်လေးနဲ့ အတူနေတာ ပထမဆုံးအကြိမ်မဟုတ်ဘူးမလား ၊ အရင်တုန်းကလည်း ပထမသခင်လေးက သခင်မလေးရဲ့ခုတင်ပေါ် တက်အိပ်ခဲ့သေးတယ်ဆိုတာကို ကျွန်မ မှတ်မ်ိပါသေးတယ် ၊ အဲ့တုန်းကတောင် တစ်ခေါင်းအုံးတည်းအိပ်ခဲ့တာဆိုတော့ အဲ့ထက်တော့ပိုမှာပဲမလား "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now