၁၈၁။ နှစ်ဦးသဘောတူ ကွာရှင်းခြင်း

1.6K 231 5
                                    

ဖုန်းကျင်းယွမ်လည်း ထုံးတမ်းများကို လျစ်လျူမရှုရဲသဖြင့် ကြမ်းပြင်တွင် ဒူးထောက်ကာ " အမတ်ဖုန်းကျင်းယွမ် တော်၀င်အမိန့်တော်ကို လက်ခံပါတယ် " ဟု ဆိုလိုက်ရသည်။

သူ့နောက်မှ အမျိုးသမီးတစ်စုကလည်းလိုက်၍ ဒူးထောက်လိုက်ကြသည်။ ယောင်ရှီသည်လည်း အတူတူပင်ဖြစ်သည်။ အမိန့်တော်က ဘာအကြောင်းဖြစ်မည်ကို တွေးနေကြရင်း ထိုလူတစ်အုပ်မှာ စိုးရိမ်နေကြသည်။

တကယ်က အမိန့်တော်တွင် ပါ၀င်သည့်အကြောင်းအရာက ရိုးရှင်းသော်လည်း ဖုန်းအိမ်တော်တစ်ခုလုံးကိုတော့ တုန်လှုပ်သွားစေသည်။ " ယောင်မိသားစုကသမီး ယောင်ချန်းရော့ကို ဖုန်းကျင်းယွမ်နဲ့ နှစ်ဦးသဘောတူကွာရှင်းခွင့် ပြုလိုက်တယ် ! "

ထိုစကားကြောင့် ဖုန်းကျင်းယွမ် မယုံနိုင်စွာဖြင့် ခေါင်းမော့ကာ မေးလိုက်မိသည်။ " မင်း ဘာပြောလိုက်တယ် ? "

ယောင်ရှီလည်း အလွန်အံ့အားသင့်သွားမိသည် ။ ခုနကလေးတင် အိမ်တော်သခင်မနေရာကို ပြန်ရောက်လာပြီဖြစ်၍ ဖုန်းကျင်းယွမ်နှင့် မည်သို့ဆက်ဆံပြောဆိုရမည်ကို တွေးပူနေခဲ့တာဖြစ်သည်။ ထုံရှန်းစံအိမ်၌ ညလာအိပ်ချင်တယ်ဆိုပါကရော သူမ နှင်ထုတ်နိုင်ပါဦးမလား စသည်တို့ကို တွေးနေခဲ့တာဖြစ်သော်လည်း မျက်စိတစ်ချက်ခတ်ရုံအတွင်းတွင် ဖုန်းယွိဟန်က ထိုမျှကောင်းမွန်သောသတင်းကို ယူလာပေးခဲ့လေသည်။

" အဖေ့စကားက မှားနေပြီ " ဖုန်းယွိဟန်က တော်၀င်အမိန့်တော်ကို ဖုန်းကျင်းယွမ်ရှေ့သို့ ဖြန့်ပြသည်။ " ဒါက ခမည်းတော်ပြောလိုက်တာ ၊ အားဟန် ပြောတာမဟုတ်ဘူး "

" ဒါ ... " အပြောင်းအလဲမြန်သော ဧကရာဇ်ကြီးက ယခုလိုအမိန့်တော်မျိုးကို ထုတ်လာမည်ဟု ဖုန်းကျင်းဟွမ် ဘယ်တုန်းကမှ မတွေးဖူးပါ ! မိန်းမတစ်ယောက်ကို ယောက်ျားဖြစ်သူနှင့် နှစ်ဦးသဘောတူကွာရှင်းခွင့် ပေးလိုက်ခြင်းသည် တာ့ရွှမ်းပြည်မဆိုထားနှင့် သမိုင်းတစ်လျှောက်လုံးတွင်ပင် လုံး၀မရှိခဲ့ဖူးပေ !

ဖုန်းကျင်းယွမ် ဆွံ့အသွားမိသလို ဖုန်းမိသားစု၀င်များသည်လည်း ထူးမခြားနားပင် ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now