၃၇။ ကိုယ်ပိုင်အစေခံများ

3.2K 391 0
                                    

ဖုန်းယွိဟန် ငွေတုံးများအား လက်ခံလိုက်မှသာ အန်းရှီ စိတ်အေးသွားတော့သည်။ မနေ့က သူမ ထိုအရာများကို ပြင်ဆင်ထားခဲ့စဥ်က မျက်နှာလို မျက်နှာရ လုပ်ချင်သည့် ဆန္ဒလုံး၀မရှိခဲ့ပေ။ သူမသည် မင်းသားယွီမှ စေ့စပ်လက်ဆောင်များအား ပို့ခိုင်းလာလိမ့်မည်ဟု မထင်ထားခဲ့ရုံသာ။ ယခုတော့ သူမက မျက်နှာလုပ်နေသည်ဟု အထင်ခံနေရတော့မည်မဟုတ်ပါလား။

" ကိုယ်လုပ်တော်အန်း မပူပါနဲ့ ။ အားဟန်က  တတိယညီမလေးအပေါ် ကြင်နာမှာပါ။ "  ဖုန်းယွိဟန် အန်းရှီအား ထိုသည်ကလွဲ၍ အခြားသော ကတိများ ပေးလ်ိုသည့်ဆန္ဒမရှိပေ။ အန်းရှီအတွက်တော့ ရှန်းရုန်၏ ရှေ့ရေးသည်သာ အရေးအကြီးဆုံးဖြစ်သည်ကို သူမနားလည်၍ ဖြစ်သည်။

အန်းရှီနှင့် ရှန်းရုန် ပြန်သွားပြီးသည့်နောက် ယောင်ရှီ ဖုန်းယွိဟန်အား အနားသို့ ဆွဲခေါ်လိုက်ကာ " အဲ့တုန်းက ဆေးလဲထားတဲ့ကိစ္စကို အားဟန်မှတ်မိနေသေးတာလား။ " ဟုမေးလာလေသည်။

ဖုန်းယွိဟန်လည်း ခေါင်းညိတ်ပြလိုက်ကာ " အစကတော့ သိပ်မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ကိုယ်လုပ်တော်အန်းနဲ့ စကားပြောနေရင်း ငယ်ငယ်က ကိစ္စတွေကို ရေးတေးတေး ပြန်မှတ်မိလာတာ။ " ဟုပြန်ဖြေလိုက်ရသည်။

ယောင်ရှီမှ သူမအား ထိုအချိန်က အဖြစ်များအား ပြန်ပြောပြလာလေသည်။ " ကိုယ်လုပ်တော်အန်းက တကယ်တော့ သိတတ်နားလည်တဲ့သူတစ်ယောက်ပါ။ အမေက အိမ်ကြီးရှင်သခင်မအနေနဲ့ ရှိနေခဲ့တုန်းကလည်း မျက်နှာလုပ်တာမျိုးမရှိခဲ့ဖူးဘူး။ ပြီးတော့ ယောင်မိသားစု ဒုက္ခကြုံတော့လည်း ရေနစ်သူကို ၀ါးကူထိုးတာမျိုး မလုပ်ခဲ့ဘူး။ အဲ့လိုလုပ်မယ့်အစား အမေတို့ ထွက်သွားရတော့မယ့် အချိန်မှာ ဇီရွေ့ရဲ့ ကော်လာထဲမှာ ငွေတုံးတွေဖွက်ပေးလိုက်တယ်လေ။  "

" လူကောင်းတွေက ကောင်းကျိုးပြန်ခံစားရမှာပါ။ " ဟုပြောရင်း ဖုန်းယွိဟန် ယောင်ရှီအား လက်ဖက်ရည်ခွက်ကို ကမ်းပေးလိုက်သည်။ " အမေ နည်းနည်းလောက်သောက်ပါဦး။ အခုကတည်းက အများကြီးတွေးနေဖို့ မလိုပါဘူး။ နောက်ရက်ကျ ဘေးခြံကို ပြောင်းပြီးရင် အဲ့အခါမှ အမေ ကိုင်တွယ်ရမယ့် အရာတွေ အများကြီးရှိသေးတယ်။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now