၅၉။ တောက်ဓမ္မပညာရှင်၏ အကြားအမြင် ဟောပြောခြင်း

3.1K 389 2
                                    

ဖုန်းယွိဟန် နားမလည်နိုင်သေးခင်မှာပဲ အစေခံလေးသည် သူမအား ခန်းမထဲသို့ ခေါ်သွားလေသည်။ ပြီးနောက် အစေခံလေးက သခင်မကြီးအား " တောက်ဓမ္မပညာရှင် ဇီယန်း ရောက်လာပါတယ်။ " ဟူ၍ ပြောနေသည်ကို ကြားလိုက်ရသည်။

သခင်မကြီးသည် အံ့သြသွားသလို ခန်းမထဲရှိ လူအများလည်း အံ့သြသွားကြသည်။ ဖုန်းယွိဟန် တောက်ဓမ္မပညာရှင် ဇီယန်း ဆိုသည်ကို ကြားသည့်အခါ စိတ်ထဲ၌ ပြန်၍ တွေးမိသွားတော့သည်။ ယောင်မိသားစု ဒုက္ခကြုံရသည့် အချိန်တုန်းကလည်း တောက်ဓမ္မပညာရှင် ဇီယန်းဆိုသူ ရောက်လာကာ သူမအား လက်ညှိုးထိုးပြကာ ဘေးဒုက္ခ၏ ရှေ့ပြေးနိမိတ်ဖြစ်သည်ဟု ဟောခဲ့လေသည်။

အစေခံမလေးက သူမနှင့် သက်ဆိုင်နေသည်ဟု ပြောခဲ့သည်မှာ မထူးဆန်းတော့။ သည်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင် ထိုတောက်ဓမ္မပညာရှင်ဆိုသူ ရောက်လာခြင်းသည် ကောင်းသည့် ကိစ္စတော့ မဖြစ်န်ိုင်ပါ။

" ဆရာကြီးက အခုဘယ်မှာလဲ။ " သခင်မကြီးသည် ထို တောက်ဓမ္မပညာရှင်ဆိုသူအား အတော်လေး ရိုသေလေးစားသည့်ပုံရှိသည်။

အစေခံလေးက ပြန်ဖြေသည်။ " အရှေ့ခြံ၀င်းမှာပါ။ "

" ဘာလို့ ဆရာကြီးကို ပျိုနီပန်းခြံ၀င်းကို မဖိတ်ခေါ်လာတာလဲ။ " ဖုန်းချန်းယွီကလည်း ၀င်ပြောလာသည်။ " တောက်ဓမ္မပညာရှင် ဆရာကြီး ဇီယန်းက ဖုန်းအိမ်တော်ရဲ့ ဧည့်သည်လေ။ ဧည့်သည်ကို ဘယ်လိုဖြစ်ကြိး အရှေ့ခြံ၀င်းမှာ စောင့်ခိုင်းထားရတာလဲ။ "

သခင်မကြီးကလည်း ခေါင်းညိတ်ကာ ဆိုသည်။ " ဟုတ်တယ်။ ဒီနှစ်တွေအတွင်း ဖုန်းမိသားစုမှာ ဆရာကြီးရဲ့ ကျေးဇူးတွေ အများကြီးရှိတယ်။ အခု ဆရာကြီးက မဖိတ်ခေါ်ပဲ ရောက်လာတာဆိုတော့ စိုးရိမ်မိတာက... " ဟူ၍ ပြောရင်းဖြင့်ပင် ထရပ်ကာ အထိန်းတော်ကျောက်အား အမှီပြုလိုက်ရင်း " သွားမယ် ၊ သွားမယ် ၊ သွားမယ်။ ငါကိုယ်တိုင် ဆရာကြိိီးကို သွားကြိုဆိုရမယ်။ " ဟုဆိုလေသည်။

သို့ဖြစ်၍ ရှိသည့်လူအားလုံး ထရပ်လိုက်ရကာ သခင်မကြီး၏ နောက်မှ အရှေ့ခြံ၀င်းသို့ လိုက်သွားကြရတော့သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now