၁၁၁။ မီးလောင်ခြင်း

2.7K 368 26
                                    

ယခုအချိန်တွင် ၀မ်းနည်းခြင်းခန်းမဆောင်၌ ဖုန်းမိသားစု၀င်များသာ ရှိနေခဲ့ကြတာ မဟုတ်ချေ ။ ရှိနေကြသူအများစုမှာ ၀မ်းနည်းကြောင်းပြရန် လာကြသော ဖုန်းကျင်းယွမ်၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ပေသည်။

သို့ဖြစ်၍ ဖုန်းဇီဟောင်၏ အပြုအမူကို ဘယ်သူကမှ မျှော်လင့်မထားကြ၍ နေရာတွင်သာ အံ့သြပြီး ရပ်နေကြလေ၏။ သူတို့ အနားသို့ကပ်လာပါက အန္တရာယ်ရှိနိုင်သော်လည်း နောက်သို့ဆုတ်သွားခြင်းလည်း မပြုရဲကြပေ ။

ဖုန်းဇီဟောင်၏ လျှောက်ရမ်းနေသော ဓားသွားကို ရှောင်ရမည်မှာ ဖုန်းယွိဟန်အတွက် လွယ်ကူလွန်းပေသည်။ သို့သော်လည်း အများရှေ့တွင် ဖုန်းဇီဟောင်က သူမအား အနိုင်ကျင့်နေခြင်း ဖြစ်သည့်အတွက် သူမက ဖုန်းဇီဟောင်ကို အနိုင်ကျင့်နေသည်ဟု မြင်သွားခွင့် မပေးနိုင်ပါ ။ သို့ဖြစ်၍ ဖုန်းယွိဟန် အသက်လုကာ မနည်းရှောင်နေရသည့်ဟန် သရုပ်ဆောင်ပြလိုက်တော့သည်။

ထိုမြင်ကွင်းကြောင့် အိမ်ထိန်းဟယ်ကျုံးသည် ဖုန်းကျင်းယွမ်၏ အမိန့်ကိုပင် စောင့်မနေတော့ဘဲ ၀မ်းနည်းကြောင်းပြရန် ရောက်လာကြသော ရဲမက်များကို သွားခေါ်လာလေတော့သည်။

ယင်းအချိန်တွင် ခန်းမဆောင်ထဲ၌ ဖုန်းဇီဟောင်သည် ဖုန်းယွိယန်အား အခေါင်းရှေ့တွင်ပိတ်ကာ တားထားလိုက်ပြီဖြစ်သည်။

ဖုန်းယွိဟန်က ဓားချက်များကို ရှောင်နေရင်းဖြင့်လည်း အော်နေလေသည်။ " အစ်ကိုကြီး ဘာလုပ်နေတာပါလဲ ၊ အမေက နာမကျန်းဖြစ်ပြီး ဆုံးပါးသွားတာပါ ။ အားဟန်နဲ့ ဘာများဆိုင်လို့ပါလဲ "

" ငါ့ဖင်ကြီးကိုပဲ နာမကျန်းဖြစ်ပြီး ဆုံးသွားတာလို့ ပြောနေလိုက် ! " ထိုစကားများကို ဖုန်းဇီဟောင် မယုံပါ ။ " အမေ့ကို မင်းသတ်လိုက်တာ ၊ အားလုံး မင်းကြောင့်ချည်းပဲ ! " ဖုန်းဇီဟောင်က မျက်စိစုံမှိတ်ကာ အော်ဟစ်နေပြီး ဓားကိုအားပါပါဖြင့် အရှေ့သို့ ခုတ်ချလိုက်လေသည်။

ဘာအကြောင်းကြောင့်ရယ်မသိရဘဲ ယင်းဓားသည် အလွန်ထက်နေပေ၏။ ဓားသည် ချန်ရှီ၏ အခေါင်းပေါ်သို့ ကျသွားပြီး စန္ဒကူးခေါင်းတလားအား ပဲ့သွားစေလေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now