၈၃။ ဖြစ်အောင်လုပ်

2.9K 362 5
                                    

ဖုန်းယွိဟန် ရှုးယခြံ၀င်းသို့ ရောက်သွားသည့်အခါတွင် ရှန်းရုန်သည် ခန်းမဆောင်ထဲရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေကာ ခေါင်းကို ငုံ့၍ထားပြီး လက်နှစ်ဖက်ကိုလည်း ယှက်ကာထား၍ စိတ်လှုပ်ရှားနေသယောင်ရှိလေသည်။

သခင်မကြီးကတော့ ထိုင်နေကျခုံပေါ်တွင် ထိုင်နေကာ မျက်လုံးများကို မှေးစင်းကာ မှိတ်ထားလေသည်။ ဘေးတွင်တော့ ကျင်းကျန့်သည် ဒူးထောက်ကာ ထိုင်ရင်း သခင်မကြီး၏ ခြေထောက်များကို နှိပ်နယ်ပေးနေလေသည်။ သခင်မကြီးသည် အနှိပ်ခံနေရင်း ပြောလာသည်။ " အင်း ၊ ချန်ရှီကတော့ ဘယ်လို သက်သက်သာသာနေရမလဲဆိုတာကို တကယ်သိတာပဲ။ ဒီလိုမျိုး အနှိပ်ကောင်းတဲ့သူကို ဘေးနားမှာ အကြာကြီးခေါ်ထားခဲ့တာပဲ။ ညည်းကရော အဲ့လို အရည်အချင်းရှိနေရဲ့သားနဲ့ ငါ့ဆီ ဘာလို့ စောစောမလာခဲ့တာလဲ။ "

ကျင်းကျန့်သည် ၀မ်းနည်းနေသည့်ဟန်ဖြင့် ပြန်ဖြေလေသည်။ " ဒီကိုယ်လုပ်တော်က သခင်မကြီးကို တကယ်ပဲ လေးစားရိုသေမိပေမယ့် အနားထိ မလာရဲခဲ့လို့ပါ။ ဒီကိုယ်လုပ်တော်ရဲ့ မွေးဖွားရာက နိမ့်ကျတာမို့ သခင်မကြီးရဲ့ မျက်လုံးတွေ ညစ်ထေးသွားမှာကို စိုးမိလို့ပါ။ "

သခင်မကြီးသည် လူများအား ဘယ်လိုအသုံးချရမည်ကို ကောင်းကောင်းသိလေသည်။ ကျင်းကျန့်မှ ထိုသို့ပြောလာသည့်အခါတွင် အချိုသပ်ကာ သကာရည်သုတ်ထားသည့် စကားများကိုဆိုလေသည်။ " မွေးဖွားခြင်းအကြောင်းအရင်းကို ပြောရရင် ညည်းက ငါတို့ ဖုန်းအိမ်တော်က ပျိုးထောင်လာတဲ့သူမို့လို့ ညည်းအကြောင်းကို ငါတို့က သေချာသိတာပေါ့။ အပျော်အိမ်ကလာတဲ့ ဟန်ရှီလို မဟုတ်ဘူးလေ။ အဲ့တာကမှ ဖုန်းအိမ်တော်ကို တကယ်မျက်နှာပျက်စေတဲ့ကိစ္စပဲ။ "

ကျင်းကျန့်သည် သခင်မကြီး၏ စကားများကြောင့် ပျော်ရွှင်သွားတော့သည်။ လှည့်ကြည့်လိုက်သည့်အခါ ဖုန်းယွိဟန်ရောက်လာသည်ကို မြင်၍ ထရပ်ကာ  " ဒုတိယသခင်မလေးကို ဂါရ၀ပြုပါတယ်။ " ဟုဆိုရင်း နှုတ်ဆက်လေသည်။

သခင်မကြီးသည်လည်း ဖုန်းယွိဟန် ရောက်လာသ ည်ကို ကြားသည့်အခါ ပြုံး၍ မျက်လုံးများကို ဖွင့်ကြည့်လေသည်။ " အားဟန် ! ပြန်လာပြီလား ။"

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now