၁၁၄။ ချန်မိသားစုနှင့် ဖုန်းမိသားစုတ်ို့ အပြီးတိုင် ပြတ်ဆဲကြခြင်း

3K 366 9
                                    

စတုတ္ထသမ်ိီးကြောင့် ထားစရာမျက်နှာပင် မကျန်တော့ဟု ဖုန်းကျင်းယွမ် ထင်မိ၍ ဒေါတကြီးဖြင့် ၀တ်ရုံလက်ကိုခါလိုက်မိသည်။ " စတုတ္ထသခင်မလေးကို သူမ အခန်းကို ပြန်ပို့လိုက်တော့ ၊ အပြင်ကနေလည်း စောင့်ကြည့်ခိုင်းထားလိုက် ၊ သူမကို အခန်းထဲကနေ အပြင်ကို ခြေတစ်လှမ်းတောင် ထွက်မလာစေနဲ့ ! "

ဟန်ရှီက အံ့အားသင့်သွားပြီး ချန်ရှီမဆုံးခင်က ဖုန်းမိသားစု၏ အပြုအမူများကို သတိရသွားလေသည်။ ဖန်းသိုက်လည်း ချန်ရှီကဲ့သို့ဖြစ်သွားမည်ကို စိုးရိမ်သွားပြီး " သခင်ကြီး ! " ဟုခေါ်လိုက်ကာ ဖုန်းကျင်းယွမ်၏ ခြေသလုံးကိုဖက်လိုက်လေသည်။ " သခင်ကြီး ၊ ဖန်းသိုက်ကို ဒီလိုမလုပ်ပါနဲ့ရှင် ! သူမက မသိနားမလည်တဲ့ ကလေးတစ်ယောက်ပါ ၊ သခင်ကြီး ကျေးဇူးပြုပြီး ဖန်းသိုက်ကို သခင်မလို သတ်မပစ်လိုက်ပါနဲ့နော် ! "

" သတ်ပစ်လိုက်တယ်? " ဖုန်းယွိဟန်က အလွန်အံ့သြသွားသည့်ဟန် လုပ်ပြလေသည်။ " အမေက အသတ်ခံလိုက်ရတာလား ? "

" အဓိပ္ပာယ်မရှိတာ ! " ဖုန်းကျင်းယွမ်သည် ဟန်ရှီအား ကန်ထုတ်လိုက်တော့သည်။ ဟန်ရှီအား ချစ်ခင်ခဲ့ခြင်းကလည်း အစကတည်းက ရှိမနေခဲ့သလိုပင် ပြုမူနေလေသည်။ " ငါတို့ ဖုန်းမိသားစုမှာ ဘယ်လိုလုပ်ပြီး မင်းတို့လို သားအမိမျိုးရှိနေရတာလဲ ? အစေခံတွေ ! သူတို့နှစ်ယောက်လုံးကို အခန်းပိတ်ထားလိုက်ကြစမ်း ! "

အစေခံများက ချက်ချင်းပင် ဟန်ရှီနှင့် ဖုန်းဖန်းသိုက်အား ဆွဲထုတ်သွားကြတော့သည်။ ဤသို့ဖြင့် ဆူညံနေခြင်းနေရာ၌ တိတ်ဆိတ်ခြင်းက အစားထိုးသွားတော့သည်။ ဖုန်းကျင်းယွမ် ဖုန်းယွိဟန်ထံလှည့်၍ ပြောလိုက်သည်။ " အားဟန် အဖေ ဒီနေ့ဖြစ်ခဲ့တာတွေအတွက် တရားမျှတမှုကို ပြန်ရှာပေးပါ့မယ် "

ဖုန်းဖန်းသိုက်ရှာသွားသည့် ပြဿနာကို ဖုန်းကျင်းယွမ်က ဆိုလိုနေခြင်း ဖြစ်ပေသည်။ ဖုန်းယွိဟန် ပြုံးပြရင်းဖြင့် ဦးညွတ်သည့်အမူအရာကိုပင် လုပ်ပြလိုက်သေးသည်။ " ဒါဆိုလည်း အားဟန်က အဖေ့ကို ကျေးဇူးတင်ပါတယ် ၊ အဖေက အစ်ကိုကြီးရဲ့ကိစ္စကို သေချာလေး ဖြေရှင်းပေးမယ်ဆိုတာကို သိရတဲ့အတွက် အားဟန် တကယ်ကိုပဲ စိတ်အေးသွားပါပြီ " ဖုန်းကျင်းယွမ်၏ ဖြူသည်ထက်ဖြူလာသော မျက်နှာကိုကြည့်ကာ ဖုန်းယွိဟန် စကားဆက်လိုက်သည်။ " အဖေ အရှေ့ခြံ၀င်းကို မြန်မြန်ပြန်သွားသင့်ပါပြီ ၊ အရှင့်သားနှစ်ပါးကို အကြာကြီး စောင့်ခိုင်းထားရင် မကောင်းပါဘူး "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now