၁၇၀။ ရှင်တို့မင်းသားတွေက တစ်ချက်လေးငြိမ်ငြိမ် မနေနိုင်ကြဘူးလား

1.8K 250 10
                                    

ဟန်ရှီ၏ ၀မ်းနည်းနေသည့် အမူအရာနှင့်ယှဥ်ပါက ဖန်းသိုက်၏ အပြုအမူက သိပ်တော့မကောင်းချေ ။ ဟန်ရှီအား မတူသလိုမတန်သလို တွန်းပင်တွန်းထုတ်လိုက်သေးလေသည်။ ထို့နောက် မေးချီကာ တံခါးမကြီးကနေ၀င်ရန်ပြင်နေပြီး သူမကိုကြည့်ရန် ရောက်လာကြသူများကို မြင်သည့်အခါ ရပ်သွားလေ၏။

ဖုန်းဖန်းသိုက်က မေးကိုချီထားပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေဟန်ဖြင့် ထိုသူများကို ပြန်ကြည့်ပြီး ဖုန်းချန်းယွီကိုမြင်သည့်အခါ မျက်လုံးလှန်ကာ နှာခေါင်းရှုံ့လိုက်လေသည်။ ဖုန်းချန်းယွီအား နှုတ်ဆက်မည့် အရိပ်အယောင်လည်း မရှိပေ ။

ဖုန်းချန်းယွီ ချက်ချင်းပင် ဟန်ရှီကို လှမ်းကြည့်လိုက်မိသည်။ ဖုန်းထုံခရိုင်မှာ ဖြစ်ပျက်ခဲ့သည်များကို ဖုန်းဖန်းသိုက်အား ဟန်ရှီက ပြန်ပြောပြထားပြီးလောက်ပြီဟု သူမ သိနေသည် ။

အိမ်တော်ထဲ၀င်လာသည့် ဟန်ရှီကလည်း ဖုန်းချန်းယွီ၏အကြည့်များကြောင့် ချက်ချင်းပြန်ပြောသည်။ " ပထမသခင်မလေး ဘာအကြောင်းမှလည်း မရှိဘဲနဲ့ ကျွန်မကို ဘာလို့ဒီလိုစိုက်ကြည့်နေရတာပါလဲ " သမ်ိီးဖြစ်သူ အိမ်တော်ပြန်ရောက်လာပြီဖြစ်၍ ဟန်ရှီ၏အသံက ခပ်မာမာပြန်ဖြစ်လာသည်။

ဖုန်းချန်းယွီ ဒေါသများ တစ်လိပ်လိပ် ထွက်လာတော့သည်။ "  လောကကြီးက ဘာတွေဖြစ်ကုန်တာလဲ ၊ ငါက ဖုန်းမိသားစုက တရား၀င်သမီးဖြစ်ပြီး နင်က ကိုယ်လုပ်တော်တစ်ယောက်လေ ၊ ငါ့ကို ဒီိလိုပြန်ပြောရဲနေတာလား "

" ကျွန်မက ဘယ်လိုပြောလိုက်လို့လဲ " ဟန်ရှီက ပြန်မေးသည်။ " ပထမသခင်မလေးက တရား၀င်သမီးဆိုတာ အမှန်ပါပဲ ၊ ဒါပေမယ့် အကြောင်းအရင်းမရှိဘဲ လူတွေကို ဒီလို၀ါးစားတော့မလို စိုက်ကြည့်နေလို့မရဘူးလေ ၊ ကျွန်မက စတုတ္ထသခင်မလေးကို အိမ်တော်ထဲ ပြန်ခေါ်လာပေးရုံပဲရှိသေးတာ ၊ ဘာစကားမှတောင် မပြောရသေးတာကို ပထမသခင်မလေးက ဘာလို့ဒေါသထွက်နေရတာလဲ ၊ ဘာလဲ ကျွန်မက ဒေါသဖြေဖို့ ပစ္စည်းတစ်ခုမို့လို့လား "

ဖုန်းချန်းယွီ၏ မျက်နှာထားက ထိန်းမရအောင် ပျက်နေလေပြီ ။ " နင်ဘာလုပ်ထားလဲ နင့်ဘာသာပဲ သိမှာပေါ့ ! ငါမ​သ်ိဘူးလို့ ထင်မနေနဲ့ ! "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now